မတ်လ (၁၃)ရက်။
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO)က တပ်သားအသစ်တွေ ထပ်မံခေါ်ယူနေပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MSRO အနေနဲ့ တော်လှန်ရေးစိတ်ဓါတ် ပြည့်ပြည့်ဝဝနဲ့ စိတ်ဓါတ်ခိုင်မာတဲ့ လူငယ်တွေကို ပြည်သူ့စစ်သားကောင်းတွေအနေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးမယ်လို့ ဆိုပါတယ်။
တပ်သားအသစ်တွေဟာ အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမှာဖြစ်ပြီး ခွဲခြားဆက်ဆံတာမပြုသူဖြစ်ရမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ချမှတ်ထားတဲ့ စစ်သည်ကျင့်ဝတ် စစ်စည်းကမ်းတွေကို တသွေမတိမ်း လေးစားလိုက်နာရမှာဖြစ်ပြီး အနည်းဆုံး (၃)နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။
မနေ့ကလဲ MSRO ဟာ လေ့ကျင့်ရေးအပတ်စဉ်(၈) ရဲဘော်တွေရဲ့ ခန္တာကိုယ်ကြံ့ခိုင်ဖို့နဲ့ စစ်ရေးပြအခြေခံနဲ့ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းတွေ လေ့ကျင့်သင်ကြားနေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။