နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဩစတြေးလျဘီလျံနာသူဌေးသည် တိုက်တန်းနစ် ၂ သင်္ဘောကို ရွက်လွှင့်ရန် အိပ်မက်ကို ပြန်လည်အသက်သွင်း

မတ်လ (၁၃) ရက်။

သြစတြေးလျဘီလျံနာသူဌေး ကလိုက်ဗ် ပါလ်မာ (Clive Palmer) သည် ၁၉၁၂ ခုနှစ်တွင် ကံကြမ္မာဆိုးဖြင့် ခရီးသည် လူ ၂၂၀၀ တို့နှင့် အတူ နစ်မြုပ်သွားခဲ့သော တိုက်တင်းနစ် (Titanic) သင်္ဘောတွင် လူ ၇၀၀ ခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်သင်္ဘောနှင့် ပုံစံ တူဖြစ်သည့် Titanic II ကို တည်ဆောက်မည့် အစီအစဉ်များ၏ နောက်ကွယ်တွင် ဦးဆောင်လုပ်နေခဲ့သူ ဖြစ်သည်။ ပါလ်မာသည် ၂၀၁၂ ခုနှစ်တွင် Titanic II အတွက် အစီအစဉ်များကို ပထမဆုံး စတင်ခဲ့ပြီး ၂၀၁၈ တွင် ထပ်မံကြိုးစားခဲ့သည်။ ခြောက်နှစ်ကြာပြီးနောက်၊ မြို့တော်၏ကျော်ကြားသောဆိပ်ကမ်းကို နောက်ခံထား၍ ဆစ်ဒနီအော်ပရာဟောက်စ်တွင် သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ပြီး ပရောဂျက်ကို ပြန်လည်စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေးစရာက ဘာကြောင့် ထပ်ပြီးလုပ်ချင်ရသလဲ။

“အိမ်မှာထိုင်ပြီး ငါ့ပိုက်ဆံတွေကို ရေတွက်ရတာထက် တိုက်တန်းနစ်ကို ဆောက်လုပ်ရတာက ပိုပျော်စရာကောင်းတယ်” ဟု ပါလ်မာက ပြောခဲ့သည်။ သူသည် နှစ်စဉ် သတ္တုတူးဖော်မှုဆိုင်ရာ အမြတ်ငွေကြေးများမှ တနှစ်လျှင် ဒေါ်လာ ဘီလီယံဝက်နီးပါး ရရှိနေသည့် အမျိုးသား တယောက်ဖြစ်ပြီး သူက ပြတ်ပြတ်သားသား ရိုးစင်းစွာ ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။ ပါလ်မာအတွက်တော့ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတဲ့ မေးခွန်းမဟုတ်ဘဲ ဘယ်နေရာမှာ သုံးမလဲ ဆိုတာပဲ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က တိုက်တန်းနစ်၏ ပိုမိုအားကောင်းသော ပုံစံကို တည်ဆောက်ရန် ၎င်း၏ အိပ်မက်ကို ပထမဆုံး စိတ်ကူးယဉ်ခဲ့ပြီး လူအများ၏အမြင်မှာ သူသည် ၎င်းစိတ်ကူးကို လုပ်နိုင်လောက်အောင် ကြွယ်ဝသူဖြစ်သည်ဟု အများစုက အစီအစဉ်ကိုသဘောကျလက်ခံထားခြင်း ဖြစ်သည်။ သို့သော် ကပ်ရောဂါနှင့် ထိပ်တိုက်တိုးမှုကြောင့် ဆိပ်ကမ်းများပိတ်ကာ ခရီးသည်များကလည်း ပင်လယ်ပြင်တွင် ကွာရန်တင်း (quarantine) ထားရှိခြင်းခံရမည်စိုးသည့်အတွက် ဒေါ်လာသန်းပေါင်းများစွာတန်သည့် ပရောဂျက်ကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။

တိုက်တန်းနစ်ပရောဂျက်နောက်ကွယ်ရှိသည့် Blue Star Line ကုမ္ပဏီ၏ဥက္ကဋ္ဌ ပါလ်မာသည် ၎င်း၏ အစီအစဉ်တွင် အခြားပြဿနာများ လည်းရှိခဲ့သည်။ မကြာသေးမီနှစ်များအတွင်း သူသည် ပြည်နယ်နှင့် ဖက်ဒရယ်အစိုးရများအပေါ် တရားစွဲဆိုခြင်းများစွာကို လုပ်ဆောင်ခဲ့သည်။ ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ၎င်း၏နယ်စပ်များကို ပိတ်ရန် ဩစတြေးလျအနောက်ပိုင်းပြည်နယ်အစိုးရက လုပ်ဆောင်မှုကို သူကတရားစွဲခဲ့သည်။ သံသတ္တုရိုင်း ပရောဂျက်ကို ပြည်နယ်အစိုးရမှ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးရယူခွင့်ကို ပြည်နယ်အစိုးရထံမှ နစ်နာကြေး ဒေါ်လာဘီလီယံပေါင်းများစွာကို တောင်းခံသောအခါတွင် တရားရုံးချုပ်က သူ့ကို အရှုံးပေးခဲ့သည်။ ယခုအခါ ၎င်းသည် ဖက်ဒရယ်အစိုးရထံမှ နစ်နာကြေးဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးကို အပြည်ပြည်ဆိုင်ရာ ခုံရုံးသို့ တင်ပြီး ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် မှတ်ပုံတင်ထားသော ဩစတြေးလျညီညွတ်ရေးပါတီ (United Australia Party) ၏ တည်ထောင်သူအနေဖြင့် အစိုးရအဖြစ်ရွေးကောက်ပွဲဝင်ရန် ကြိုးစားရာတွင် Australian Bill of Rights (အစိုးရမှ အရေးမယူနိုင်သည့် ပြည်သူများအား အာမခံထားသော အခြေခံအခွင့်အရေးများနှင့် အထူးအခွင့်အရေးများ အကျဉ်းချုပ်ကို Bill of Rights ဟု ခေါ်သည်- ဘာသာပြန်သူ) နှင့် ကိုဗစ် လော့ဒေါင်းလုပ်မှု (Covid lockdowns) နှင့် ကာကွယ်ဆေးမထိုးမနေရ (vaccine mandates) များပါဝင်သောမူဝါဒများ ပါဝင်သည်။ သူသည် ရွေးကောက်ပွဲအတွက် အနည်းငယ်မျှသာ ထောက်ခံမှုကိုရရှိရန် ကြော်ငြာခြင်းအတွက် ဒေါ်လာသန်းပေါင်းများစွာကို ကျော်ကြားစွာသုံးစွဲခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပါတီကို ပယ်ဖျက်ခဲ့သည်။

ယခုအခါ ကပ်ရောဂါလွန်သွားကာ အပျော်စီးသင်္ဘောများသည် ပင်လယ်ပြင်တွင် တစ်ဖန်ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ တိုက်တန်းနစ်အိပ်မက်ကို ပြန်လည်ရှင်သန်ရန် အချိန်တန်ပြီဟု ပါလ်မာက ပြောကြားခဲ့သည်။ “မမျှော်လင့်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ နှောင့်နှေးမှုတွေအပြီးမှာ တိုက်တန်းနစ် နံပါတ်(၂)ဆောက်လုပ်ဖို့ အိပ်မက်ကို အသက်ဝင်စေဖို့အတွက် မိတ်ဖက်တွေနဲ့ ပြန်လည် ပူးပေါင်းလုပ်ဆောင်နိုင်ပြီလို့ ကြေညာရတာကို ဝမ်းမြောက်မိပါတယ်။ ခရီးကို စတင်ကြပါစို့” ဟု ပါလ်မာကက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစီအစဉ်များသည် လက်ရှိစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန် ယခင်ပြုလုပ်မှုများနှင့် အလွန်ဆင်တူပါသည်။ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် လုပ်ငန်းစတင်ရန် သင်္ဘောတည်ဆောက်သူများအား ယခုနှစ်ကုန်တွင် အတည်ပြုရန် အစီအစဉ်များဖြင့် တင်ဒါများ ခေါ်ယူလျက်ရှိသည်။

ယခုအချိန်တွင်၊ ပါလ်မာက လေလံဆွဲသူများတွင် အနိုင်ရသူသည် ဥရောပတွင် အခြေစိုက်သူများအဖြစ် မျှော်လင့်ထားသည်။ တရုတ်စံနှုန်းများသည် ထိုသင်္ဘောလုပ်ငန်းတည်ဆောက်မှုလုပ်ငန်းတာဝန်နှင့် ကိုက်ညီသည်ဟု သူက မယုံကြည်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြန်လည်စတင်ချိန်တွင်၊ သူ၏အဖွဲ့သည် နှစ်အတော်ကြာကြာရှိနေပြီဖြစ်သော ရှစ်မိနစ်ကြာ ဗီဒီယိုဖိုင်ကို ဖြန့်ဝေခဲ့ပြီး သင်္ဘော၏အပြင်အဆင်နှင့် အခန်းတစ်ခုစီ၏ ပုံပန်းသဏ္ဍာန်ကို ခေတ်အဝတ်အစား ဝတ်ဆင်ထားသည့် သရုပ်ဆောင်များနှင့်အတူ ဖြန့်ကျက်ပြသခဲ့သည်။ ခရီးသည်များကို ၁၉၀၀ ခုနှစ်များအတွင်းက ဝတ်စားဆင်ယင်ရန် တွန်းအားပေးမည် ဖြစ်သော်လည်း ၎င်းသည် မဖြစ်မနေ လုပ်ဆောင်ရမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောကိုယ်တိုင် အရှည် ၂၆၉ မီတာ (၈၃၃ ပေ) နှင့် အကျယ် ၃၂.၂ မီတာ (၁၀၅ ပေ) ရှိပြီး မူလထက် အနည်းငယ် ပိုကျယ်မည်ဖြစ်သည်။ အိပ် ခန်း ၈၃၅ ပါသော ကုန်းပတ် ကိုးခုတွင် ခရီးသည် ၂,၃၄၅ ဦး လိုက်ပါနိုင်မည်ဖြစ်သည်။ ယင်းထဲမှ တစ်ဝက်နီးပါးကို ပထမတန်းခရီးသည်တွေအတွက် သီးသန့်ထားမည် ဖြစ်သည်။

တတိယတန်းစားခရီးသည်များကို မူလသင်္ဘောပေါ်တွင် ကျွေးမွေးသကဲ့သို့ အများသူငှာ ထမင်းစားခန်းရှိ စားပွဲရှည်ကြီးများတွင် စတူးဟင်းနှင့် ကြိတ်ချေထားသောအာလူးဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသော်လည်း ယခင်ကစားခဲ့သည့်အစာထက် အခြားအစားအစာကိုလိုချင်သူများအတွက် အခြားအစားအစာများကိုလည်း ရနိုင်မည်ဖြစ်သည်။ တိုက်တန်းနစ် ပျက်သွားပြီးနောက် ရာစုနှစ်တစ်ခုကျော်ကြာမှ သုတေသီများနှင့် သမိုင်းပညာရှင်များသည် ၎င်း၏ဇာတ်လမ်းကို စွဲစွဲမြဲမြဲ စွဲလန်းနေကြဆဲ ဖြစ်သည်။ ဖြစ်ရပ်ဆိုးသည် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် (James Cameron) ၏ အော်စကာဆုရ ၁၉၉၇ ခုနှစ် ရုပ်ရှင်ကားကြီး “Titanic” တွင် လီယိုနာဒို ဒီကာပရီယိုနှင့် ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်ထားကာ အပျော်တမ်း စူးစမ်းရှာဖွေသူများက ထိုသင်္ဘောပျက်ကို စွဲလမ်းစွာ ရှာဖွေစေခဲ့သည်။ တိုင်တင် (Titan) အသေးစား ရေငုပ်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ငါးဦးစလုံးသည် သင်္ဘောပျက်ဆီသို့ ရေအောက်မှသွားနေစဉ် လမ်းကြောင်းပေါ်၌ ပေါက်ကွဲသွားပြီး ကြေကွဲဖွယ် သေဆုံးခဲ့ရသည်။ ထိုမစ်ရှင်သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် ကြေကွဲဖွယ် အဆုံးသတ်သွားခဲ့သည်။

ပါလ်မာသည် တိုက်တန်းနစ်ကို ပုံတူကူးလိုပြီး အဆုံးသတ်သည် ကြေကွဲဖွယ် ဇာတ်သိမ်းမှုမရှိဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအဖြစ် လိုလားသည်။ “စစ်ပွဲလုပ်နည်းကို ငါတို့အားလုံးသိတယ်။ ငါတို့က စစ်တပ်တွေထောင်ပြီး စစ်ပွဲတွေကို ရန်ပုံငွေထောက်ပံ့တယ်။ အဲဒါကို လူတွေသိတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရအောင်လုပ်ဖို့က ပိုခက်တယ်။ ငြိမ်းချမ်းရေးရဖို့ နေ့တိုင်း စွဲမြဲစွာလုပ်နေရမယ်။ မင်းက တစ်လက်မပြီး တစ်လက်မ တိုးပြီးသွားနေရမယ်” ဟု ၎င်းက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “တိုက်တာနစ် (၂) သည် ငြိမ်းချမ်းရေးကို ပေးစွမ်းနိုင်သောအရာဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံးကြား ငြိမ်းချမ်းရေးသင်္ဘောတစ်စင်း ဖြစ်နိုင်တယ်။ “သူမကို ဆိပ်ကမ်းမှာတွေ့ပြီး သူ့ရဲ့ထူးခြားတဲ့ဘုန်းတန်ခိုးကို တွေ့ကြုံခံစားဖို့ သူမနဲ့အတူ ရွက်လွှင့်ဖို့ လူသန်းပေါင်းများစွာက အိပ်မက်မက်ခဲ့ပါတယ်။ တိုက်တန်းနစ်ဟာ အဲဒီအိပ်မက်တွေကနေ တကယ်ဖြစ်လာမဲ့ သင်္ဘောဖြစ်လာမှာပါ” ဟု ပါလ်မာက ပြောကြားခဲ့သည်။

Source- CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက