မတ်လ (၁၅)ရက်။
ဖေဖော်ဝါရီလထဲမှာ လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၃၅၀.၂)သန်းကို အကူအညီလိုအပ်သူတွေဆီ ပံ့ပိုးပေးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီငွေကျပ် (၃၅၀.၂)သန်းထဲကနေ နေရပ်စွန့်ခွာသူနဲ့ စစ်ဘေးရှောင်သူ (၁၀၉,၄၀၄)ဦးရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၈၃)သန်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုအနေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းပြည်သူ (၁၉၆)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၃၅၈)ဦးအတွက်ကိုလဲ ငွေကျပ် (၃၈)သန်း အကူအညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် CDM ဝန်ထမ်းတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ်(၁၅.၆)သန်းနဲ့ အထွေထွေအကူအညီအနေနဲ့ ငွေကျပ်(၁၁၁)သန်းတို့ကို ပံ့ပိုးပေးခဲ့တယ်လို့ ရေးသားထားပါတယ်။
တော်လှန်ရေးကာလ (၃)နှစ်ကျော်ထဲ အကြပ်အတည်းတွေကြားက ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူတယ်လို့ ပြောဆိုထားပါတယ်။
အစိုးရနဲ့ ပြည်သူအကြား အချင်းချင်း အားပေးအားယူပြုနိုင်ဖို့အတွက် (၁)လတာကာလထဲ ပံ့ပိုးပေးနိုင်ခဲ့တဲ့ အခြေအနေကို အစီရင်ခံတင်ပြတာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။