နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဗလာဒီမာပူတင် အကြောက်ရဆုံး လူသား . . .ဘယ်လိုသေဆုံးခဲ့ရလဲ

2020 ခုနှစ် အောက်တိုဘာလ 19 ရက်နေ့မှာ ရုရှားနိုင်ငံရေးသမား အဲလက်ဇီနာဗယ်နီ မဲဆွယ်စည်းရုံးရေးဗီဒီယိုကို ရိုက်ကူးနေတာဖြစ်ပါတယ်။ အခု သူရောက်နေတဲ့ နေရာဟာ ဒေသတွင်း ရွေးကောက်ပွဲကို သုံးပတ်အတွင်းကျင်းပမယ့် ဆိုက်ဘေးရီးယားက နေရာတစ်ခုလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ အဲဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သမ္မတဗလာဒီမာပူတင်ဦးဆောင်တဲ့ အာဏာရပါတီကို မဲမပေးဘဲ ဖြုတ်ချဖို့ ပြည်သူလူထုကို တိုက်တွန်းနေတာဖြစ်ပါတယ်။

သူက အဲဒီလို ဗီဒီယိုပေါင်းများစွာကို ရိုက်ကူးတင်ဆက်ခဲ့ပြီး ကြည့်ရှုသူကလည်း သန်းနဲ့ချီပြီးရှိခဲ့ပါတယ်။ အင်တာနက်အကူအညီကြောင့် လူတွေနဲ့ တိုက်ရိုက်ထိတွေ့ရင်း ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီရယ်လို့ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

နာဗယ်နီဟာ ဆိုက်ဘေးရီးယားမှာ ရင်ဆိုင်နေရတဲ့ အမှုကိစ္စပြီးပြတ်ပြီး မော်စကိုကို လေယာဉ်နဲ့ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် သူစီးလာတဲ့လေယာဉ်က ရုတ်တရက် အိုမက်စ်မြို့ကို လမ်းကြောင်းပြောင်းသွားပြီး နာဗယ်နီလည်း အဆိပ်ခပ်ခြင်းခံလိုက်ရလို့ လေယာဉ်ပေါ် လဲကျသွားခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရတော့ နာဗယ်နီဟာ အရမ်းအဆိပ်ပြင်းတဲ့ နိုဗစ်ချော့အဆိပ်သင့်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နိဗစ်ချော့ဆိုတာက 1970 ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက်ယူနီယံက တီထွင်ခဲ့တဲ့ အာရုံကြောအဆိပ်တစ်မျိုးဖြစ်ပါတယ်။ 2018 ခုနှစ်တုန်းက ရုရှားသူလျှိုဟောင်း ဆာဂျီစကာပယ် အဆိပ်သင့်တုန်းကလည်း နိုဗစ်ချော့အဆိပ်သင့်ခဲ့တာပဲဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့ပြီး မကြာခင်မှာပဲ နာဗယ်နီဟာ သမိုင်းတစ်လျှောက်မတူထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ပါတယ်။

နာဗယ်နီအနေနဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကို စတင်ခဲ့တာပါလဲ၊ အဲဒီလှုပ်ရှားမှုက ဗလာဒီမာပူတင်ကို ဘာကြောင့် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေခဲ့တာပါလဲ ….

1999 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့မှာ ဗလာဒီမာပူတင် ရုရှားသမ္မတဖြစ်လာခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံဟာ ပူတင် သမ္မတဖြစ်မလာခင် 8 နှစ်ခန့်ကတည်းက ပြိုကျကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖြစ်လာခဲ့ပြီး ဒီမိုကရေးစီနိုင်ငံအဖြစ် တဖြည်းဖြည်းကူးပြောင်းလာခဲ့ပါတယ်။ ပူတင်ဟာ ယခင်က ဆိုဗီယက် KGB မှာ သူလျှိုတစ်ယောက်လုပ်ခဲ့ပြီး ရုရှားလုံခြုံရေးဌာနရဲ့ အကြီးအကဲတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူအုပ်ချုပ်လိုတဲ့ အခန်းကဏ္ဍ​တွေကို သမ္မတဖြစ်လာချိန်မှာ တဖြည်းဖြည်း ပုံဖော်လာခဲ့ပါတယ်။

သူက ရုရှားဖက်ဒရေးရှင်းကို KGB ရဲ့ ပုံသဏ္ဍာန်နဲ့ ပြန်ဖန်တီးဖို့ ကြိုးစားလာခဲ့တယ်။ KGB တွေလို ကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံးကို ဗဟိုချုပ်ကိုင်မှု၊ လျှို့ဝှက်မှု၊ အမြင်ကျဉ်းမြောင်းမှုတွေနဲ့ တည်ဆောက်ချင်တာ . . .ဒါမှလည်း ကောင်းကောင်းထိန်းချုပ်လို့ရမှာ . . .

ပူတင်ဟာ တစ်နိုင်ငံလုံးကို အမြင့်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် သူ့ဘေးမှာ ဩဇာအာဏာအရှိဆုံးလူတွေကို ဝန်းရံစေခဲ့ပါတယ်။ ပထမဆုံးမီဒီယာတွေ စတင်ထိန်းချုပ်ပါတယ်။ လွတ်လပ်တဲ့ ရုရှားမီဒီယာကုမ္ပဏီပိုင်ရှင်တွေကို ဖမ်းဆီးအရေးယူပြီး သတင်းခန်းတွေကို အစိုးရထိန်းချုပ်မှုအောက်ကို ရောက်ဖို့ ကြိုးစားခဲ့တာပါ။

ဖက်ဒရယ်ရုပ်မြင်သံကြားပြီးတော့ ဒေသဆိုင်ရာရုပ်မြင်သံကြားကို ထိန်းချုပ်တယ်၊ နောက်တော့ ပုံနှိပ်သတင်းစာတွေကိုပါ လူ့လက်အောက်ရောက်အောင် လုပ်ခဲ့တာဆိုတော့ ဖျက်ဆီးရေးစက်လိုပဲ တဖြည်းဖြည်း အားလုံးကို ဝါးမြိုပစ်လိုက်တာ၊ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နေတဲ့ ဘယ်အရာမဆို အကုန် နောက်ပြန်လှည့်သွားတော့တာပါပဲ . . .

အဲဒီလုပ်ရပ်တွေအားလုံးကို ပူတင်က ဖုံးကွယ်ထားပြီး ရွေးကောက်ပွဲတွေကို သူ့စိတ်ကြိုက် လုပ်နိုင်ခဲ့ပါတယ်။ သူ့လက်ထက်ရွေးကောက်ပွဲတွေမှာ ဘယ်သူက ရွေးကောက်တင်မြှောက်ခံရမလဲဆိုတာကို ကြိုးကိုင်ထားပါတယ်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲမှာ ပူတင်ရဲ့ပါတီနဲ့ အိမ်ဖြည့်ပါတီတွေ ဝင်ရောက်ရွေးချယ်ံလေ့ရှိပါတယ်။ ဒါက အတိုက်အခံတွေကို မဲစနစ်နဲ့ဖြုတ်ချဖို့ အသေအချာစီမံထားတာပါ။

အဲဒီအစီအမံတွေအားလုံးက ပူတင်နဲ့ သူ့ရဲ့ ပါတီကို ဆန့်ကျင်လို့ မရအောင် ပြုလုပ်ထားတဲ့အစီအမံတွေဖြစ်ပါတယ်။ ပြီးတော့ ရုရှားအစိုးရဟာ နိုင်ငံတဝန်းက ဗဟိုနဲ့ ဒေသဆိုင်ရာအစိုးရတွေကို ထိန်းချုပ်ထားပါတယ်။

နိုင်ငံရေးသမားတွေက ပူတင်အတွက် တစ်ခုတည်းသောခြိမ်းခြောက်မှုတော့မဟုတ်ပါဘူး။ ဩဇာကြီးမားတဲ့ ဝေဖန်ရေးသမားတွေကို ဖယ်ရှားဖို့အတွက် ပူတင်ဟာ ရုရှားရဲ့ ကြွယ်၀ချမ်းသာသူတွေ၊ ထင်ရှားကျော်ကြားသူတွေကိုလည်း သူ့နောက်ပါအောင် စည်းရုံးထားခဲ့ပါတယ်။

2000 ပြည့်နှစ်အစောပိုင်းကာလတွေမှာ ရုရှားနိုင်ငံရဲ့ ကြွယ်၀ချမ်းသာသူတွေဟာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့သူတွေဖြစ်ပါတယ်။ ပူတင်က သူ့ကို ကာကွယ်ပေးတဲ့သူတွေ၊ သစ္စာစောင့်သိသူတွေကို ကာကွယ်ပေးခဲ့ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ လူမသိ၊ သူမသိဖမ်းဆီးသတ်ဖြတ်ခံရတာတွေ၊ ရုတ်တရက်ပျောက်ဆုံးသွားတာတွေ ဖြစ်နိုင်ပါတယ်။

တစုံတယောက်ကို ဖယ်ရှားဖို့အတွက် အများဆုံးတွေ့ရတဲ့ပြစ်မှုက အလွဲသုံးစားမှုနဲ့ စွဲချက်တင်ခံရတာဖြစ်ပါတယ်။ ရုရှားရေနံသူဌေးတစ်ဦးဖြစ်တဲ့ မီဟေး ခိုဒေါကိုစကီး၊ သူဌေးကြီး ဘောရစ် ဘီရက်ဇိုစကီး၊ စီးပွါးရေးသမားဖြစ်တဲ့ နီကိုလေး ဂလူရှ်ကော့ဗ်တို့တွေဟာ ငွေကြေးအလွဲသုံးစားမှုတွေနဲ့ စွဲချက်တင်ခံရပြီး အခုချိန်ထိ သူတို့သေဆုံးသွားခဲ့ရတဲ့ အကြောင်းရင်း ထွက်ပေါ်မလာခဲ့ပါဘူး။

ဒါကြောင့် ရုရှားနိုင်ငံရဲ့ တရားစီရင်ရေးဟာ လက်နက်သဖွယ်ဖြစ်လာခဲ့ပြီး ဥပဒေနဲ့ ကိုယ်ကိုကိုယ်အကာအကွယ်ပေးကာ ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဆယ်စုနှစ်တစ်ခုအတွင်း ပူတင်တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုက ပူတင်အစိုးရရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အင်္ဂါရပ်တစ်ခုပဲ၊ ဒါက ပူတင်အစိုးရရဲ့ အားနည်းချက်မဟုတ်သလို တိုက်ဖျက်ရခက်တဲ့အရာလည်း မဟုတ်ဘူး။ အဲဒီဥပဒေက သူတို့ရဲ့ အမာခံလက်နက်တစ်ခုပဲ
အစီရင်ခံစာတစ်ခုရဲ့အဆိုအရတော့ 2000 ခုနှစ်ကနေ 2008 ခုနှစ်အတွင်း ရုရှားမှာ အကျင့်ပျက်ချစားမှုတွေကြောင့် ဆုံးရှုံးမှုငွေကြေးပမာဏဟာ ကန်ဒေါ်လာ ဘီလျံ 400 ကျော်အထိရှိခဲ့ပါတယ်။ ဒါပေမယ့် ပူတင်အစိုးရက မီဒီယာတွေကို ထိန်းချုပ်ထားလို့ တော်တော်များများကို ဖုံးကွယ်ထားနိုင်ခဲ့တာ အလက်ဇီနာဗယ်နီလို့ ခေါ်တဲ့ လူငယ်ရှေ့နေတစ်ဦး ပေါ်ထွက်မလာခင်အချိန်ထိပါပဲ။

နာဗယ်နီဟာ 2006 ခုနှစ်မှာ သူ့ရဲ့ ကိုယ်ပိုင်ဘလော့ကနေ အကျင့်ပျက်ချစားမှုတွေအကြောင်း စတင်ရေးသားခဲ့ပါတယ်။ 2010 ခုနှစ်အတွင်း နိုင်ငံပိုင် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Transneft ကနေ အနည်းဆုံး ဒေါ်လာ 4 ဘီလျံလောက် ခိုးယူခံခဲ့ရတယ်လို့ ဖော်ထုတ်ရေးသားခဲ့ပါတယ်။ အဲဒီလို ဖော်ထုတ်ရေးသားဖို့အတွက် နာဗယ်နီဟာ Transneft ကုမ္ပဏီရဲ့ အစုရှယ်ယာအချို့ကို ဝယ်ယူခဲ့ပြီး အတွင်းပိုင်းက စာရွက်စာတမ်းတွေကို သက်သေအဖြစ် စုဆောင်းခဲ့ရပါတယ်။

စာရွက်စာတမ်းအချက်အလက်တွေအရ Transneft ကုမ္ပဏီရဲ့ အရာရှိတွေဟာ အစိုးရပိုက်ဆံတွေကို ခိုးယူပြီး နိုင်ငံခြားက သူတို့ဘဏ်အကောင့်ထဲ ပို့နေကြတာကို နာဗယ်နီက မီးမောင်းထိုးပြခဲ့ပါတယ်။

ဒါတင်မဟုတ်သေးပါဘူး။ နာဗယ်နီဟာ ငွေကြေးခဝါချမှုတွေ၊ မြေယာရောင်းချမှုနဲ့ အာဏာပိုင်တွေနဲ့ နိုင်ငံရေးသမားတွေ နိုင်ငံပိုင်ဘဏ်တွေမှာ လိမ်လည် အကောင့်ဖွင့်ထားတာတွေ၊ ရေနံထုတ်လုပ်ရောင်းချမှုက အကျင့်ပျက်ချစားမှုတွေကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

နာဗယ်နီအနေနဲ့ သူ့ရဲ့ဘလော့ကနေ ရုရှားနိုင်ငံရဲ့ အကျင့်ပျက်ချစားမှုတွေကို ဖော်ထုတ်ရေးသားနေပေမယ့် နိုင်ငံပိုင်မီဒီယာတွေကိုတော့ ရှောင်တိမ်းပြီး ရုရှားနိုင်ငံသားတွေအရင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသေးတဲ့ ပူတင်အစိုးရရဲ့ သရုပ်မှန်ကို ထုတ်ပြခဲ့တာဖြစ်ပါတယ်။

2011 ခုနှစ်မှာတော့ မဲလိမ်မဲခိုးမှုပြဿနာတွေပေါ်ပေါက်ခဲ့ပေမယ့် ပူတင်ရဲ့ ပါတီဟာ ပါလီမန်မှာ နေရာအများစု အနိုင်ရခဲ့တာကြောင့် ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါဟာ ပူတင်အစိုးရကြုံဖူးသမျှ ဆန္ဒပြပွဲတွေမှာ အကြီးမားဆုံးဆန္ဒပြပွဲတွေဖြစ်ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို စီစဉ်သူက နာဗယ်နီပါ။ အကျင့်ပျက်ခြစားမှုတွေကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး လူသိရှင်ကြားဖွင့်ဟချပြနေတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေက လူပေါင်း 1000 ကျော်ကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေချိန်မှာတောင် အစိုးရရုပ်မြင်သံကြားက ဆန္ဒပြမှုတွေကို လစ်လျူရှုဖော်ပြခြင်းမရှိခဲ့ပါဘူး။
ဆန္ဒပြပွဲတွေကြောင့် လူအများအပြား ထောင်ချခံရတာ၊ ပြည်နှင်ဒဏ်ပေးခံရတာတွေရှိသလို ဘောရစ်နမ်စတော့ဗ်လည်း အသတ်ခံရတယ်။ နာဗယ်နီတစ်ယောက်ပဲ ကျန်တော့တာပေါ့
အချိန်ကြာလာတာနဲ့အမျှ နာဗယ်နီဟာ ဆန္ဒပြပွဲတွေကျင်းပရင်း ထောက်ခံသူတွေလည်း အများအပြားရရှိလာခဲ့ပါတယ်။

2013 ခုနှစ်မှာ မော်စကိုမြို့တောဝန်အဖြစ် နာဗယ်နီ ဝင်ရောက်အရွေးခံပါတယ်။ အဲဒီနောက်မှာ အငြင်းပွါးစရာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အရင်က ရုရှားအမျိုးသားချီတက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ နာဗယ်နီဟာ ရုရှားလူနည်းစု လူမျိုးတွေကို ရည်ညွှန်းတဲ့ လူမျိုးရေးစွပ်စွဲမှုတွေ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ မဲဆွယ်တရားဟောပွဲတွေဟာ အဓိက ရည်မှန်းချက်တွေကြောင့် လူကြိုက်များနေဆဲပါ။

နိုင်ငံပိုင်ရုပ်သံက နာဗယ်နီရဲ့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကို တစ်ကြိမ်တစ်ခါမျှ ထုတ်လွှင့်ပြသခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း နာဗယ်နီဟာ စေတနာဝန်ထမ်းတွေနဲ့ အွန်လိုင်းပေါ်ကနေ ဟောပြောခြင်းကိုသာ အားကိုးခဲ့ရပါတယ်။ ဒါပေမယ့် နာဗယ်နီရဲ့ လှုပ်ရှားမှုတွေဟာ အရှိန်ရလာတာနဲ့ ရဲတပ်ဖွဲ့က သူ့ကို အလွဲသုံးစားမှုခေါင်းစဉ်တပ်ဖမ်းဆီးကာ ထောင်ဒဏ် 5 နှစ် ချမှတ်လိုက်ပါတယ်။

နာဗယ်နီအဖမ်းခံရတာနဲ့ သူ့ကိုထောက်ခံသူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတာကြောင့် နောက်ဆုံးမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒပေမယ့် နာဗယ်နီဟာ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ဘဲ ဒုတိယမဲအများဆုံးနေရာကိုသာ ရခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် နာဗယ်နီဟာ youtube ကနေ အကျင့်ပျက်ချစားမှုတွေကို ဆက်လက်ဖော်ထုတ်ခဲ့ပါတယ်။ 2017 ခုနှစ်မှာတော့ ပူတင်ရဲ့ မိတ်ဘက်တစ်ဦးဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်ရဲ့ ကြွယ်၀ချမ်းသာမှုနောက်ကွယ်က ခြစားမှုတွေကို ဖော်ထုတ်လိုက်လို့ လူသန်းနဲ့ချီတဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီအချိန်ဟာ နာဗယ်နီ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နာဗယ်နီဟာ သမ္မတပူတင်ကို တိုက်ရိုက်စိန်ခေါ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးမျှော်မှန်းထားတဲ့အတိုင်း ပူတင်အစိုးရက နာဗယ်နီကို အရင်က အလွဲသုံးစားမှုနဲ့ ထောင်ကျဖူးတယ်ဆိုတယ်ဆိုတဲ့ ပြစ်ချက်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ငြင်းပယ်ခဲံပါတယ်။

ဒါဟာ ရုရှားနိုင်ငံရဲ့ ဥပဒေတွေဟာ ရွေးကောက်ပွဲအ​ပေါ် ဘယ်လိုတင်းကြပ်ထားတယ်ဆိုတာကို သိသာထင်ရှားစေခဲ့ပါတယ်။ ဒါပေမယ့် 2020 ခုနှစ်မှာတော့ နာဗယ်နီဟာ ရွေးကောက်ပွဲစနစ်တစ်ခုလုံးကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကို နာဗယ်နီက Smart Voting လို့ နာမည်ပေးခဲ့ပါတယ်။

အဲဒီစနစ်က အိမ်ဖြည့် ကိုယ်စားလှယ်လောင်းတွေဆီက မဲတွေ အလဟဿမဖြစ်ရအောင် နာဗယ်နီ ညွှန်ပြတဲ့ ကိုယ်စားလှယ်ကိုသာ စုပေါင်းမဲပေးကြဖို့ ဖြစ်ပါတယ်။ အိမ်ဖြည့်ကိုယ်စားလှယ်တွေဆီက မဲတွေရဖို့အတွက် နာဗယ်နီပြောတဲ့ မဲပေးစနစ်အပေါ် ရုရှားပြည်သူလူထုက ယုံကြည်မှုအပြည့်ရှိနေဖို့ လိုအပ်ပါတယ်။ အားလုံးစုပေါင်းလုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ထွက်ပေါ်လာမယ့် ရလဒ်က အာဏာရပူတင်အစိုးရကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ အဲဒါကို ကရင်မလင်နန်းတော်ကလည်း စိုးရိမ်ထိတ်လန့်ခဲ့ပါတယ်။

စစ်တမ်းတွေအရ အဲဒီအချိန်ဟာ ရုရှားနိုင်ငံရေးလောကမှာ နာဗယ်နီဟာ ဒုတိယရေပန်းအစားဆုံးဖြစ်နေသလို စီးပွါးရေးကျဆင်းမှုကြောင့် သမ္မတပူတင်အပေါ် ပြည်သူအများစုက ထောက်ခံမှုကျဆင်းနေချိန်လည်းဖြစ် ပါတယ်။ ဒါဟာ နာဗယ်နီရဲ့ခြိမ်းခြောက်မှုဖြစ်သလို အဲဒီအတွက်လည်း နာဗယ်နီ အဆိပ်သင့်ခဲ့ရတာပါ။

ဆိုက်ဘေးရီးယားမှာ အဆိပ်နဲ့တိုက်ခိုက်ခံခဲ့ရတဲ့ နာဗယ်နီဟာ ဂျာမနီကဆေးရုံတစ်ခုမှာ အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင် ပြန်သက်သာလာခဲ့ပြီး အသက်ရှင်ခွင့်ပြန်ရခဲ့ပါတယ်။ လအနည်းငယ်အတွင်းမှာပဲ သူက စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလမှာတော့ အဖမ်းခံရနိုင်မှန်းသိလျက်နဲ့ ရုရှားကို ပြန်လာခဲ့ပါတယ်။ လေဆိပ်အရောက်မှာပဲ ရုရှားရဲတပ်ဖွဲ့က သူ့ကို 2014 ခုနှစ်အတွင်း အလွဲသုံးစားမှုအပါအဝင် လူထုံအုံကြွမှုနဲ့ ဖမ်းဆီးခဲ့ကြပါတယ်။

ဖမ်းဆီးခံနေရချိန်မှာပဲ နာဗယ်နီရဲ့ နိုင်ငံရေးအဖွဲ့က နောက်ထပ်ဗီဒီယိုတစ်ခုက အွန်လိုင်းပေါ်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ နာဗယ်နီက ပူတင်ကို တိုက်ရိုက်တိုက်ခိုက်ပြောဆိုထားတာပါ။ ဗီဒီယိုထုတ်လွှင့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကြည့်ရှုသူ သန်း 100 ပြည့်သွားခဲ့ပြီး ရုရှားနိုင်ငံတဝန်းက မြို့ပေါင်း 100 ကျော်မှာ ဆန္ဒပြလူထုတွေ လမ်းပေါ်ထွက်လာခဲ့ကြပါတော့တယ်။

အကျိုးဆက်ကတော့ ရက်အနည်းငယ်အတွင်းမှာပဲ နာဗယ်နီ ထောင်ဒဏ် 2 နှစ်နဲ့ 8 လ ချမှတ်ခံရပြီး ဆန္ဒပြပွဲတွေလည်း ပိုမိုပြင်းထန်လာပါတော့တယ်။ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က လူ 5000 ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် နိုင်ငံပိုင်မီဒီယာတွေကတော့ အဲဒါတွေကို တစ်ခုမှ ထုတ်လွှင့်ပြသခြင်းမရှိခဲ့ပါဘူး။

နာဗယ်နီကို ထောင်ချထားပေမယ့် ဆန္ဒပြပွဲတွေကတော့ ရပ်တန့်မသွားဘဲ လမ်းမတွေပေါ်မှာ ဆက်လက်ရှိနေခဲ့တာပါ။ ပူတင်အစိုးရရဲ့ အကျင့်ပျက်မှုတွေကို ဆယ်စုနှစ်တစ်ခုအကြာ စုံစမ်းဖော်ထုတ်ပြီး လွတ်မြောက်မှုကို ကျော်လွန်နိုင်တဲ့ လှုပ်ရှားမှုတစ်ခုကို တည်ဆောက်ဖို့ နည်းလမ်း နာဗယ်နီ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် 2024 ခုနှစ်ဖေဖော်ဝါရီလ 16 ရက်နေ့မှာတော့ နာဗယ်နီဟာ မော်စကိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်ပေါင်း 1200 ကျော် ဝေးကွာတဲ့ ကက်ရှ်မြို့က အကျဉ်းထောင်မှာ လမ်းလျှောက်နေရင်း ရုတ်တရပ်သေဆုံးသွားခဲ့ရတယ်လို့ အကျဉ်းထောင် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ နာဗယ်နီသေဆုံးသွားခဲ့ပြီဆိုတဲ့သတင်းဟာ ရုရှားတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစရာတစ်ခု ဖြစ်ခဲ့ရသလို ရုရှားနိုင်ငံသားတွေရဲ့ လွတ်မြောက်မှုအတွက်လည်း သတင်းဆိုးကြီးတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

နာဗယ်နီသေဆုံးသွားခဲ့ရပြီဆိုတဲ့သတင်းကြောင့် မော်စကို၊ စိန့်ပီတာစဘတ်စတဲ့မြို့ကြီးတွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ မြို့တွေက သူ့ကိုထောက်ခံတဲ့သူတွေဟာ လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး ပူတင်အစိုးရကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုမှာ နာဗယ်နီ ရုတ်တရက်သေဆုံးသွားခဲ့တာကို ပူတင်ရဲ့လက်ချက်လို့ အားလုံးက ယုံကြည်နေခဲ့ကြတာပါ။ ကမ္ဘာ့ခေါင်းဆောင်အသီးသီးကလည်း နာဗယ်နီသေဆုံးမှုဟာ ပူတင်အစိုးရမှာ တာဝန်အရှိဆုံးလို့ လက်ညိုးထိုး ပြစ်တင်ခဲ့ကြသလို လမ်းမပေါ် ဆန္ဒပြသူတွေဟာ ပူတင်ကို လူသတ်သမားလို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ နာဗယ်နီရဲ့ ရုပ်အလောင်းကို မိသားစုထံ ထုတ်မပေးလို့ လူပေါင်း 12000 ကျော်က ကရင်မလင်အစိုးရထံ စာရေးတောင်းဆိုမှုလည်း ပြုလုပ်ခဲ့ကြရပါတယ်။

အသက် 47 နှစ်အရွယ်သာရှိသေးတဲ့ နာဗယ်နီဟာ ရုရှားပြည်သူလူထုရဲ့ အနာဂတ်မျှော်လင့်ချက်တစ်ခုဖြစ်လို့ သူ့ကို ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ်မှာ ပိုမိုစုဝေးဆန္ဒပြလာကြတာကြောင့် စိန့်စ်ပီတာစဘတ်မြို့တစ်မြို့ထဲမှာပဲ ရဲတပ်ဖွဲ့က လူ 400 ကျော်ကို ဖမ်းဆီးဖြိုခွင့်ကြပါတယ်။

ဒါကြောင့်လည်း နာဗယ်နီရဲ့ ဈာပနမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက တင်းတင်းကြပ်ကြပ်စောင့်ကြည့်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နာဗယ်နီရဲ့ ဈာပနအပြီးမှာတော့ ဇနီးဖြစ်သူ ယူလီယာက တရားမျှတမှုမရှိတဲ့ ရုရှားရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နာကနေ လှုံ့ဆော်ခဲ့ပါတယ်။ နာဗယ်နီဟာ ရုရှားနိုင်ငံရဲ့ အမှန်တရားကို အသက်နဲ့ရင်းပြီး မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အနာဂတ် ရုရှားဖက်ဒရေးရှင်းမှာ ဗလာဒီမာပူတင်ကို ခြိမ်းခြောက်လာဦးမယ့် နာဗယ်နီလက်သစ်တွေ ပေါ်ထွက်လာဦးမှာလားဆိုတာကတော စိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီခင်ဗျာ . . .။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 111 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 20 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး