နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာအငတ်ဘေးပြဿနာကြောင့် အပစ်ရပ်ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေ

+++++++++++++++++

World Central Kitchen ကနေ စီစဉ်ပေးတဲ့ ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ သယ်ဆောင်လာမယ့် ဒုတိယသင်္ဘောဟာ ဆိုက်ပရက်စ်နိုင်ငံကနေ စနေနေ့မှာ ထွက်လာလာခဲ့ပြီဖြစ်ပါတယ်။ အခုသင်္ဘောဟာ တိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေတွေထဲက အရပ်သားတွေဆီကို လမ်းကြောင်းရှာပြီး အကူအညီတွေကို အရောက်ပေးပို့သွားမှာပါ။

ဒီသင်္ဘောပေါ်မှာ ဂျုံနဲ့ ဆန်တွေပါ ပါတယ်။ အချိန်မီ သွားရမှာပါ၊ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ အချိန်မီရောက်ဖို့ ကျတော်တို့ နေ့မအား၊ ညမနား လုပ်ဆောင်နေကြပါတယ်”လို့ အကူအညီပေးရေး ဆောင်ရွက်နေတဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ စစ်ပွဲဒဏ်ကြောင့် ငတ်မွတ်ခေါင်းပေါင်းမှုတွေ ကြီးထွားလာတဲ့အတွက် ထိုးစစ်ဆင်နေတဲ့ အစ္စရေးအတွက် ဖိအားများနေပြီး အမေရိကန်နဲ့ ဂျော်ဒန်တို့ကလည်း ဂါဇာကမ်းမြောင်ကို အကူအညီပေးဖို့အတွက် လေကြောင်းကနေ ထပ်မံပေးပို့သွားမယ်လို့ အမေရိကန်စစ်ဘက်ဗဟိုဌာနချုပ်က ပြောဆိုထားပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရတော့ တနင်္ဂနွေနေ့မှာ မော့ဆက်ထောက်လှမ်းရေးအေဂျင်စီခေါင်းဆောင် ဦးဆောင်တဲ့ အစ္စရေးရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် ကာတာမှာ သွားရောက်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေမှာ ဟားမက်စ်တွေဘက်က ဓားစာခံတွေနဲ့ အကျဉ်းသားတွေလဲလှယ်ရေးအပါအဝင် လက်တွေ့မဆန်တဲ့ တောင်းဆိုမှုတွေပြုလုပ်လာခဲ့တာကြောင့် အဲဒီတောင်းဆိုမှုတွေကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ငြင်းဆိုခဲ့ပါတယ်။ အခု သီတင်းပတ်အတွင်း စတင်တော့မယ့် ရာမာဒန်ကာလအတွက် အပစ်အခတ်ရပ်စဲဖို့ အရင်ကဆွေးနွေးမှုတွေဟာ အောင်မြင်မှုမရခဲ့ပါဘူး။

ငါးလ ကျော်လာတဲ့ ဂါဇာပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသဟာ ပျက်ဆီးဆုံးရှုံးမှုတွေ များပြားလာခဲ့သလို ကြီးမားတဲ့ အငတ်ဘေးကိုပါ ဖြစ်စေခဲ့တာကြောင့် အစ္စရေးရဲ့ မဟာမိတ်နိုင်ငံတွေကပါ စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာခဲ့ရပါတယ်။ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကတော့ ဂါဇာမြောက်ပိုင်းမှာ အသက် ၂ နှစ်အောက် ကလေး ၃ ဦးမှာ တစ်ယောက်က အာဟာရချို့တဲ့မှုနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဂါဇာအတွက် အကူအညီတွေ ပေးပို့ရာမှာလည်း သယ်ယူပို့ဆောင်ရေးနှေးကွေးမှု၊ အခက်အခဲအတားအဆီးများနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

လူအများစုဝေးနေကြပြီး စစ်ဘေးခိုလှုံရာမြို့ဖြစ်တဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်မယ်လို့ အစ္စရေးက ကြေညာထားတာကြောင့် အခုထက်ပိုပြီး ဘေးဒုက္ခရောက်ကြရမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။ နေတန်ယာဟုရဲ့ အစ္စရေးအစိုးရရုံးကတော့ အရပ်သားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမယ်လို့ ပြောဆိုထားပေမယ့် အချိန်အတိုင်းအတာတစ်ခုတော့ သတ်မှတ်ပေးထားခြင်းမရှိပါဘူး။

ဒီအတောအတွင်းမှာပဲ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ တဲအဗစ်မြို့က ရဲစခန်းရှေ့တွေမှာ ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ နဲ့ ရွေးကောက်ပွဲ ကျင်းပရေးအတွက် တောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု