မတ်လ (၁၆) ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်မှာ မင်းကွန်းရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ချ တိုက်ခိုက်ခံခဲ့တယ်လို တော်လှန်ရေးအင်အားစုဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဗီဒီယိုဖိုင်ထဲမှာတော့ ဒရုန်းနဲ့ တိုက်ခိုက်ချိန် ဒရုန်းပေါက်ကွဲသွားတဲ့အတွက် ရဲဘော်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
ဒီမစ်ရှင်ကို မြနန္ဒာ Drone Force (မန္တလေး) နဲ့အတူ Unicorn Guerrilla Force၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ မော်ကွန်းသစ် (မန္တလေး) မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။