နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရသေ့တောင်က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကို AA သိမ်းပိုက်နိုင်ခဲ့၊ စစ်သင်တန်းပေးထားတဲ့ ဘင်္ဂါလီအလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ဆို

မတ်လ (၁၈)ရက်။

မတ်လ (၁၇)ရက်နေ့ ညနေ (၄)နာရီခန့်မှာ ရသေ့တောင်အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်း(၃)ခုစလုံးကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့ကသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ခမရ(၅၃၆)၊ (၅၃၇)နဲ့ (၅၃၈)တို့ဖြစ်ပြီး အပြင်းအထန်ခုခံနေတဲ့ကြားက နှစ်ပတ်ခန့်ထိုးစစ်ဆင်အပြီးမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီစခန်းထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့်ဟာ စစ်သင်္ဘောတွေနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပေမယ့် စစ်မှုထမ်းဥပဒေကို ခုထုံးလုပ်ပြီး စစ်သင်တန်းပေးထားတဲ့ ဘင်္ဂါလီအလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းထဲက စစ်ကောင်စီရဲ့ အလောင်းတွေအပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လဲ ရေးသားထားပါတယ်။

စစ်ရှုံးပြီး တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရပ်တွေ ပိုလုပ်လာပြီး စစ်ရာဇဝတ်မှုတွေကို နေ့တိုင်း ကျူးလွန်နေတယ်လို့ AA က ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ ဒဏ်ရာရ သေဆုံးတာတွေက တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။ (edited)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 20 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 18 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ
မြန်မာသတင်း

မိတ္ထီလာသူနာပြုသင်‌တန်းကျောင်းက သင်တန်းသူတဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 31 Views
ဩဂုတ်လ (၁၂)ရက်။ ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော
မြန်မာသတင်း

တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 18 Views
ဩဂုတ်လ (၁၂)ရက်။ မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်လာနေပြီလို့ NUG က ဒီကနေ့ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအချိန်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊
မြန်မာသတင်း

စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာမရှိဘူးလို့ KIO ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 33 Views
ဩဂုတ်လ (၁၁)ရက်။ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာ မရှိဘူးလို့ KIO ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ
မြန်မာသတင်း

တမူးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 34 Views
တိုက်ပွဲထဲ အလောင်း (၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၁၁)ရက်။ ဩဂုတ်လ (၅)ရက်နေ့ကစပြီး တမူးမြို့မှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 26 Views
ဩဂုတ်လ (၁၁)ရက်။ ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချမှတ်ထားတဲ့ ပန်းတိုင်၊ ရက္ခိတလမ်းစဉ်နဲ့
မြန်မာသတင်း

ရန်ကုန် လသာရှိ KTV တခုမှာ အမျိုးသားတဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 32 Views
ဩဂငတ်လ (၁၁)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန် လသာမြို့နယ်ရှိ ရန်ကုန်သံလွင်ဟိုတယ်မှာ ဖွင့်ထားတဲ့ New Party KTV မှာ အမျိုးသားတစ်ဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်‌နယ်တွေထံက သိရပါတယ်။ “ ဖြစ်တာက လသာ ရွှေတိဂုံဘုရားလမ်း