မတ်လ (၁၈)ရက်။
မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်မှာ တန့်ဆည်မြို့ရှိ အင်းကျေးရွာကို စစ်ကောင်စီက A5 တိုက်ခိုက်ရေးလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။
အင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် အသက် (၆၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားလူနေအိမ် (၄)လုံးနဲ့ ဘုန်းကြီးကျောင်းဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားသေဆုံးသူ (၁၄၀၀)ကျော်ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။