မတ်လ (၁၈) ရက်။
မတ်လ (၁၈) ရက်နေ့ မနက်အစောပိုင်း ၁ နာရီ ၃၂ မိနစ်မှာ မင်းပြားမြို့နယ်က သာဒါ (မူဆလင်) ရွာထဲကို စစ်ကောင်စီက ဂျက်တိုက်လီယာဥ်နဲ့ဗုံး (၂) လုံး ကြဲချခဲ့လို့ ဒေသခံ ၂၁ ယောက်သေဆုံးပြီး ၂၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် သာဒါရွာက ပြည်သူ ၉ ယောက်နဲ့ ဆင်ကြီးပြင် (မူဆလင်) ရွာက ပြည်သူ ၁၂ ယောက် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းလည်း ဗုံးစတိထိမှန်လို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ သိရပါတယ်။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် သာဒါရွာထဲက အိမ် ၁၀ လုံးလောက် ပျက်စီးထွားတယ်လို့လည်း သိရပါတယ်။