နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေဦးမြို့မှာ CDM ကျောင်းဆရာနဲ့ ရပ်/ကျေးပအဖ (၆)ဦးကို ပကဖအဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့

မတ်လ (၂၀)ရက်။

ရေဦးမြို့နယ်ရှိ သံသည်ရွာဒေသခံတွေ တင်မြှောက်ထားတဲ့ ရပ်ကျေးပအဖ ဦးဟန်ထွန်းအပါအဝင် အဖွဲ့ဝင် (၅)ဦးနဲ့ CDM ကျောင်းဆရာတို့ကို ရေဦးအလယ်ပိုင်းပကဖအဖွဲ့က ဥပဒေမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ ပြီးခဲ့တဲ့နှစ်ရက်လောက်က ရေဦးမြို့နယ် သံသည်ရွာမှာ လက်နက်ကိုင်အနိုင်ကျင့်တဲ့ ထူးခြားဖြစ်စဉ် ဖြစ်ပွားတယ်ဆိုပြီး အဖွဲ့ထံကို သတင်းပေးပို့လာလို့ ဖြစ်စဉ်ကို လေ့လာစုံစမ်းနေပါတယ်” လို့ အဖွဲ့က ဆိုထားပါတယ်။

ရပ်ကျေးပအဖ ဦးဟန်မင်းထွန်းနဲ့ အဖွဲ့ဝင် (၅)ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားခဲ့ပြီး CDM ကျောင်းဆရာ ဦးသန်းငွေကို သေနတ်ဒင်နဲ့ ရိုက်နှက်ဖမ်းဆီးသွားတာကြောင့် ကျေးရွာဒေသခံ(၂၀၀)ခန့်က တွေ့ခွင့်တောင်းရာ ပကဖအဖွဲ့က သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဖမ်းသွားတဲ့သူတွေကို သံသည်ကျေးရွာပြည်သူ (၂၀၀)ခန့်က တွေ့ခွင့်တောင်းတာပေါ့။ အဲ့ဒီမှာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာ၊ ကြိမ်တွေထုတ်ပြီး ရိုက်မယ်ဆိုပြီးလုပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ ရပ်ကျေးအဖွဲ့နဲ့ CDM ကျောင်းဆရာကို တွေ့ခွင့်မရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

အခုလို ရပ်ကျေးပအဖနဲ့ CDM ကျောင်းဆရာတွေကို ရိုက်နှက်ဖမ်းဆီးသွားသူတွေဟာ ရေဦးအလယ်ပိုင်း ပကဖ သော်ဇင်နဲ့အဖွဲ့ဖြစ်ကာ ဖြစ်စဉ်အကြောင်းအရင်းအသေးစိတ်ကို မသိရသေးဘူးလို့ ရေးသားထားပါတယ်။

“ ပြည်သူတွေရဲ့ပြောဆိုချက်အရကတော့ သူတို့လက်ပါးစေတွေကို ရပ်ကျေးပအဖဖြစ်စေလိုတာတွေ၊ ခိုးမှုဖြစ်စဉ်အချို့ကို ပြည်သူတွေ လက်မခံနိုင်ဖြစ်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားတာတွေဆိုပြီး သိရတယ်” လို့ အဖွဲ့က ထပ်မံပြောဆိုထားပါတယ်။

လက်နက်ကိုင် အနိုင်ကျင့်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တော်လှန်နေချိန်ကာလမှာ အခုလို ပြည်သူတွေနဲ့ CDM ကျောင်းဆရာကို လက်နက်နဲ့ အနိုင်ကျင့်တာက ဥပဒေမဲ့ ကျူးလွန်တာဖြစ်တဲ့အတွက် NUG အနေနဲ့ ဥပဒေနဲ့အညီ အမြန်ဆုံး ကိုင်တွယ်အရေးယူသင့်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 44 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ