နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

SpaceX ရဲ့ သူလျှိုဂြိုလ်တုတည်ဆောက်မှုကို တရုတ်ဝေဖန်ရှုတ်ချ

+++++++++++++++++

အီလွန်မက်စ်ရဲ့ Space X ကုမ္ပဏီဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီအတွက် သူလျှိုဂြိုလ်တု ရာပေါင်းများစွာကို တည်ဆောက်ပေးနေပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်စစ်ဘက်နဲ့ အစိုးရပိုင် မီဒီယာတွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။

Space X ရဲ့ Starshield ယူနစ်ဟာ အမေရိကန်အမျိုးသားထောက်လှမ်းရေးရုံး(NRO)နဲ့ စာချုပ်ကာ ကန်ဒေါ်လာ 1.8 ဘီလျံတန်ဖိုးရှိတဲ့ ဂြိုလ်တုနက်ဝက်တစ်ခုကို တည်ဆောက်နေတယ်လို့ မတ်လ 15 ရက်နေ့က ရိုက်တာသတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီတွေဟာ အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဝါရှင်တန်က စွပ်စွဲထားပေမယ့် Space X ကုမ္ပဏီကတော့ အရှက်တရားကင်းမဲ့စွာ အဲဒီအလုပ်ကို လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံရဲ့ ပြည်သူ့လွတ်မြောက်မြောက်ရေးစစ်တပ်(PLA)က လူမှုကွန်ယက်စာမျက်နာကနေ ရေးသားစွပ်စွဲခဲ့တာဖြစ်ပါတယ်။

တရုတ်လူမှုကွန်ယက်စာမျက်နာတစ်ခုဖြစ်တဲ့ Weibo မှာ ဖော်လိုဝါ 1.1 သန်းရှိပြီး PLA က ကိုင်တွယ်နေတဲ့ ဇူရှန်ပင်း အကောင့်မှာ “ ဗီလိန်တစ်ယောက်ကို မကောင်းတာတွေ ပေးလုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေ မကူညီသင့်ပါဘူး၊ ကမ္ဘာတဝန်းက နိုင်ငံတွေအနေနဲ့ အမေရိကန်က ဖန်တီးနေတဲ့ လုံခြုံရေးခြိမ်းမြောက်မှုကို သတိကြီးကြီးထားပြီး တားဆီးကာကွယ်သင့်တယ်”လို့ ရေးသားဖော်ပြခဲ့တာပါ။

အာဏာရကွန်မြူနစ်ပါတီက ကြီးကြပ်နေတဲ့ Aerospace Knowledge မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဝမ်ယန်နန်က Space X ဂြိုလ်တုစီမံကိန်းဟာ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့က သူတို့စိုးရိမ်နေတဲ့ ဒေသ ဒါမှမဟုတ် နိုင်ငံတွေကို ထောက်လှမ်းနေတာက တချို့သော ကိစ္စတွေကို ထိရှလွယ်စေပါတယ်” လို့ ဝမ်က Global Time သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Space X ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်ဟာ တရုတ်နိုင်ငံမှာ Tesla လျှပ်စစ်ကားအပါအဝင် အခြားကုမ္ပဏီတွေကို လည်ပတ်နေပြီး ဇူရှန်ပင်းနဲ့ Global Time သတင်းစာတွေကတော့ အီလွန်မက်စ်ရဲ့ အမည်တပ်ဖော်ပြခဲ့တာတော့ မဟုတ်ပါဘူး။

ရိုက်တာရဲ့ သတင်းကို တုံ့ပြန်တဲ့အနေနဲ့ NRO က အာကာသအခြေပြုစောင့်ကြည့်ရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပေမယ့် အဲဒီမစ်ရှင်မှာ Space X ရဲ့ ပါဝင်ပတ်သက်မှုကို မှတ်ချက်ပေးပြောဆိုဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

Space X, NRO နဲ့ ပင်တဂွန်တို့ ကြားက စာချုပ်အပေါ် တရုတ်နိုင်ငံက မှတ်ချက်ပေးဖို့ တောင်းဆိုထားရာမှာလည်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူးခင်ဗျာ . . . .

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 63 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ