နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခဲ့

မတ်လ (၂၁)ရက်။

မတ်လ (၈)ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ဇရပ်ကြီးကျေးရွာအုပ်စုရှိ ဂွေးကုန်းရွာက အရပ်သားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဖမ်းဆီးကြိုးတုပ်ကာ ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့သတ်ဖြတ်တာကို ခံခဲ့ရသူဟာ အသက် (၇၀)နှစ်ရှိပြီဖြစ်တဲ့ ဦးတင်ဆောင်ဆိုသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အဲ့ဒီနေ့တစ်ရက်ထဲမှာပဲ တောင်ငူခရိုင်ရှိ ထန်းတပင်မြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဟာ ဇရပ်ကြီးတောင်ခြမ်းကျေးရွာအုပ်စုရှိ လမင်းသာရွာကို ကျရောက်ပြီး အသက်(၆၅)နှစ်ရှိသူ ဦးသိန်းမြင့်မှာ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ NUG
မြန်မာသတင်း

ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့
မြန်မာသတင်း

SCO အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 33 Views
စက်တင်ဘာလ (၂)ရက်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး အစည်းအဝေးမှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ မြန်မာဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတခုဖြစ်ပြီး ပထဝီ-နိုင်ငံရေးအရ အချက်အခြာကျသလို စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ဖို့
မြန်မာသတင်း

တအာင်းပြည်ထဲ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦးသေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 53 Views
စက်တင်ဘာလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ တအာင်းဒေသမှာ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့
မြန်မာသတင်း

တရုတ်ရောက် စစ်ခေါင်းဆောင် လာအိုသမ္မတနဲ့တွေ့ဆုံခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 45 Views
စက်တင်ဘာလ (၁)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုသမ္မတ Mr. Thongloun Sisoulith နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ဖို့၊ ချစ်ကြည်ရင်းနှီးမှုနဲ့
မြန်မာသတင်း

ရှီနှင့် ပူတင်တို့သည် ပုခုံးချင်းယှဉ် ရပ်တည်နေကြစဥ် တရုတ်ခေါင်းဆောင်က သူသည် အစားထိုးပေါ်လာသည့်ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မိမိကိုယ်ကိုပုံ ဖော်ပြခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သည်မိမိနိုင်ငံအနေနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်ရေး နှင့် သူ့လုပ်ဖော်ကိုင်ဖက်များအား ဒေါ်လာသန်းထောင်ပေါင်း  များစွာ ထောက်ပံ့ ကူညီပေးမည်ဖြစ်ကြောင်း ကတိပြုအာမခံခဲ့စဥ် သမတဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှု
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 57 Views
စက်တင်ဘာလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၂၇)မိ‌နစ်လောက်မှာ ငတရော်ရွာကို စစ်တပ်က
မြန်မာသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 56 Views
စက်တင်ဘာလ (၁)ရက်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီတို့ နှစ်ဦးစလုံးဟာ တရားမဝင်မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီတာတွေကို