မတ်လ (၂၁)ရက်။
စစ်အုပ်စုရဲ့ အဓမ္မစစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ခိုလှုံခွင့်အကူအညီတွေ တောင်းခံနိုင်တယ်လို့ မတ္တရာမြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ္တရာမြို့နယ်ထဲမှာ နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ပြည်သူတွေကို မတရားခြိမ်းခြောက် စစ်မှုထမ်းဖို့ ဖိအားပေး ငွေညှစ်ထုတ် အကျိုးစီးပွားရှာနေကြတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်ထဲ တပ်သားသစ်စုဆောင်းတာမှာ စစ်အုပ်စုအလိုကျ ရပ်ကွက်၊ ကျေးရွာတွေအထိ ပြည်သူကို အတင်းစစ်မှုထမ်းဖို့ စည်းရုံးပေးနေသူတွေအနေနဲ့ လုံးဝ(လုံးဝ)မပြုလုပ်ဖို့ သတိပေးထားပါတယ်။
ဒီလို ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလုပ်ဆောင်နေတဲ့ စစ်ကောင်စီနောက်လိုက်တွေရဲ့ နေရပ်၊ နာမည်တွေကို တော်လှန်ရေးအဖွဲ့တွေဆီ သတင်းပေး တိုင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်အုပ်စုအလိုကျ တပ်သားသစ်စုဆောင်းနေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း သိရပါတယ်။