နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကုလအထူးကိုယ်စားလှယ်ရဲ့ စစ်အစိုးရကို အရေးယူမှုမဟာဗျူဟာချမှတ်သင့်တဲ့အပေါ် ထောက်ခံတယ်လို့ NUG ထုတ်ပြန်

မတ်လ (၂၂) ရက်။

ကုလအထူးကိုယ်စားလှယ်ရဲ့ စစ်အစိုးရကို သီးခြားခွဲထုတ်ပြီး ပစ်မှတ်ထားဒဏ်ခတ်အရေးယူတဲ့ မဟာဗျူဟာကို ချမှတ်သင့်တယ်ဆိုတဲ့အချက်ကို ထောက်ခံတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ (၅၅)ကြိမ်မြောက် အစည်းအဝေးမှာ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်ရဲ့ တောင်းဆိုချက်တွေကို NUG က ထောက်ခံခဲ့တာလို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေထဲမှာ စစ်အုပ်စုရဲ့ လူသတ်ပွဲကို လက်နက်နဲ့ ဝင်ငွေ ငြင်းပယ်တာနဲ့ ချက်ချင်းရပ်တန့်စေဖို့ ကုလလုံခြုံရေးကောင်စီမှာ ချက်ချင်းဆောင်ရွက်ဖို့အချက် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလုပ်ဆောင်ချက်ကို အားဖြည့်ဖို့အတွက် အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေအနေနဲ့ စစ်အစိုးရကို သီးခြားခွဲထုတ်ပြီး မြန်မာပြည်သူကို ကာကွယ်နိုင်ဖို့အတွက် ညှိနှိုင်းနေတဲ့ ပစ်မှတ်ထားဒဏ်ခတ်အရေးယူတဲ့ မဟာဗျူဟာကို ချမှတ်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် စစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့၊ တာဝန်ခံမှုရှိစေဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရောမသဘောတူစာချုပ်အရ နိုင်ငံတကာရာဇဝတ်ခုံရုံးကို တရားရုံးရဲ့ တရားစွဲအရာရှိကတစ်ဆင့် ပေးပို့ပြီး စုံစမ်းဖို့ကိုလဲ တောင်းဆိုထားပါတယ်။

NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး အသွင်ကူးပြောင်းရေးမှာ ပိုမိုတိုးမြှင့်ပံ့ပိုးကူညီဖို့နဲ့ ပြည်သူကို လွှမ်းခြုံကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးမူဘောင် တည်ဆောက်သူတွေကို ထောက်ခံသင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အခုလို ကုလအထူးကိုယ်စားလှယ်က သူ့ရဲ့တာဝန်အပေါ်မှာနဲ့ မြန်မာပြည်သူလူထုအပေါ်မှာ မရပ်မနား အားထုတ်ကြိုးပမ်းနေတာကို မြန်မာနိုင်ငံအနေနဲ့ ကျေးဇူးတင်ရှိတယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ NUG
မြန်မာသတင်း

ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 40 Views
စက်တင်ဘာလ (၂)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကော့နွဲ့တံတား ပြင်ဆင်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့
မြန်မာသတင်း

SCO အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 33 Views
စက်တင်ဘာလ (၂)ရက်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ထောက်ခံပေးဖို့ဆိုပြီး အစည်းအဝေးမှာ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ မြန်မာဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတခုဖြစ်ပြီး ပထဝီ-နိုင်ငံရေးအရ အချက်အခြာကျသလို စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ဖို့
မြန်မာသတင်း

တအာင်းပြည်ထဲ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦးသေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 53 Views
စက်တင်ဘာလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ တအာင်းဒေသမှာ စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၆)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့
မြန်မာသတင်း

တရုတ်ရောက် စစ်ခေါင်းဆောင် လာအိုသမ္မတနဲ့တွေ့ဆုံခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 45 Views
စက်တင်ဘာလ (၁)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုသမ္မတ Mr. Thongloun Sisoulith နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ဖို့၊ ချစ်ကြည်ရင်းနှီးမှုနဲ့
မြန်မာသတင်း

ရှီနှင့် ပူတင်တို့သည် ပုခုံးချင်းယှဉ် ရပ်တည်နေကြစဥ် တရုတ်ခေါင်းဆောင်က သူသည် အစားထိုးပေါ်လာသည့်ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မိမိကိုယ်ကိုပုံ ဖော်ပြခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သည်မိမိနိုင်ငံအနေနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်ရေး နှင့် သူ့လုပ်ဖော်ကိုင်ဖက်များအား ဒေါ်လာသန်းထောင်ပေါင်း  များစွာ ထောက်ပံ့ ကူညီပေးမည်ဖြစ်ကြောင်း ကတိပြုအာမခံခဲ့စဥ် သမတဒေါ်နယ်ထရန့်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်စည်းကြပ်မှု
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 57 Views
စက်တင်ဘာလ (၁)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၂၇)မိ‌နစ်လောက်မှာ ငတရော်ရွာကို စစ်တပ်က
မြန်မာသတင်း

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့က မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 56 Views
စက်တင်ဘာလ (၁)ရက်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေလို့ Justice for Myanmar(JFM)က ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီတို့ နှစ်ဦးစလုံးဟာ တရားမဝင်မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီတာတွေကို