မတ်လ (၂၂)ရက်။
ဖယ်ခုံမြို့နယ်ရှိ လအိပြည်သူ့ဆေးရုံ(၁၆ ခုတင်)ကို စစ်ကောင်စီက ဒီကနေ့ နံနက်(၁၀)နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲ-PDF ထံက သိရပါတယ်။
လအိပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်အသုံးပြုပြီး ဗုံးသီး (၂)လုံးနဲ့ (၄)ကြိမ် လာရောက်ကျဲချခဲ့တာလို့ ဆိုပါတယ်။
အခုလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆေးရုံဘေးက ပြည်သူအချို့ ထိခိုက်တာတွေရှိခဲ့ပြီး ဆေးရုံကားတစ်စီးနဲ့ အဆောက်အဦးအချို့ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လအိဆေးရုံဟာ စစ်ကောင်စီလေယာဉ်ဗုံးကြဲမှာကို စိုးရိမ်တာကြောင့် အရင်ကထဲက လူနာကုသတာ၊ ထားရှိတာမရှိဘဲ ဆေးရုံပစ္စည်းအချို့ကို သိုလှောင်ထားတဲ့နေရာလို့ ရေးသားထားပါတယ်။
အဲ့ဒီဆေးရုံကို (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ NLD အစိုးရလက်ထက်က နိုင်ငံတော်အစီအမံနဲ့ တည်ဆောက်ခဲ့တဲ့ ဆေးရုံဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။