မတ်လ (၂၂) ရက်၊
မိုးမောက်မြိုနယ် နွယ်မလန်းကျေးရွာအနီးရှိက စစ်ကောင်စီရဲ့ ခမရ ၄၃၈ နဲ့ ၆၁၆ အမြောက်တပ်ကို မတ်လ (၂၁) ရက်နေ့ ညနေပိုင်း ၅ နာရီနဲ့ ၆ နာရီခွဲ တွေမှာ KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းလိုက်တယ်လို ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ခမရ ၄၃၈ နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသေးပေမဲ့ တပ်ရင်းမှူး အပါအဝင် အရာရှိအဆင့်တပ်ဖွဲ့ဝင်တွေ အားလုံးသေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့က မတ်လ (၂၁) ရက်နေ့ မနက် ၇ နာရီလောက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တာ နွမ်းလန်က စခန်းကိုတော့ ညနေ ၅ နာရီလောက်မှာသိမ်းပိုက်နိုင်တာလို့ သိရပါတယ်။ ခမရ ၄၃၈ မှာ စစ်ကောင်စီ အင်အား ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းဆီးရရှိခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စခန်းမကျဖို့ လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းနေတုန်း စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ရော Y 12 နဲ့ရော ဗုံးလာကြဲခဲ့ပေမယ့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ KIA ဘက်က (၆) ဦး ကျဆုံးသွားပြီး ၁၀ ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နောင်ကွမ်ကျေးရွာက အမြောက်တပ်ရင်း အမှတ် ၃၇၀ ကိုလည်း KIA နဲ့ ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။