မတ်လ (၂၃) ရက်။
ကချင်ပြည်နယ်၊ ဗန်းမော် – မြစ်ကြီးနားလမ်း၊ ကုန်းလောအနီးက နောင်ကောန် စစ်ကောင်စီ အမှတ် ၃၇၀ အမြောက်တပ်ရင်းကို ဒီနေ့ မတ်လ (၂၃) ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်ခန့်မှာ KIA နဲ့ ပူးပေါင်းအဖွဲတွေက သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ ဒီမနက် ၆ နာရီလောက်ကစ သွားရောက် တိုက်ခိုက် ၇ နာရီ လောက်မှာ စခန်းကို သိမ်းလိုက်နိုင်တယ်လို့ သိရပါတယ်။
အဒီစခန်းဟာ စစ်ကောင်စီရဲ့ အမြောက်တပ်ကြီး စခန်းဖြစ်ပြီး တစ်နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
မိုးမောက်မြိုနယ် နွမ်လန်းရွာက ခမရ ၄၃၈ နဲ့ အမှတ် ၆၁၆ အမြောက်တပ်ကိုလည်း မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက KIA နဲ့ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိထားပါတယ်။