မတ်လ (၂၈) ရက်။
မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ စစ်ကောင်စီရဲ့ (၃)ပွင့်အဆင့်ရှိ ဗိုလ်ကြီးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ Pale Jokers PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့တဲ့သူဟာ စစ်ကောင်စီရဲ့ ကန့်ဒေါင့်နယ်မြေရဲစခန်းက စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ဟိန်းရဲထက်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉)က ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ဟာ အရပ်ဝတ်နဲ့ နယ်မြေစုံစမ်းဖို့ မူးပြီးထွက်လာချိန် တော်လှန်ရေးရဲဘော်တွေက ကင်းပုန်းဝတ်ပြီး ရဲစခန်းနားမှာ ဖမ်းမိခဲ့တာလို့ ပြောဆိုထားပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို MOD ရဲ့ မူဝါဒအတိုင်း ထိန်းသိမ်းထားမှာဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဖမ်းမိခဲ့တာကို သတင်းလက်ဆောင်ကောင်းအနေနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။