နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အတိုက်အခံခေါင်းဆောင်နှင့် ဒေလီ ဝန်ကြီးချုပ် အာဗင် ကီဂျီဝါလ်ကိုအိန္ဒိယအစိုးရဖမ်းဆီး

နယူးဒေလီ CNN — ပြီးခဲ့သည့် သီတင်းပတ်က အတိုက်အခံခေါင်းဆောင်နှင့် ဒေလီ ဝန်ကြီးချုပ် အာဗင် ကီဂျီဝါလ် (Arvind Kejriwal) ဖမ်းဆီးခြင်းခံရပြီးနောက် မျှတသော တရားစီရင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန်အမေရိကန်က တောင်းဆိုခဲ့ပြီးနောက် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးကို ဆင့်ခေါ်ခဲ့သည်။ “အိန္ဒိယမှာ တရားရေးဆိုင်ရာ တရားစွဲမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ “သံတမန်ရေးရာမှာ နိုင်ငံတွေဟာ အချုပ်အခြာအာဏာနဲ့ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို လေးစားဖို့ မျှော်လင့်ပါတယ်။ ဒီမိုကရေ စီနိုင်ငံတွေမှာဆိုရင် ဒီတာဝန်က ပိုလို့တောင် များပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနသည် အမေရိကန် ပြည်သူ့သံတမန်ရေးရာဌာန ဝန်ကြီး-အတိုင်ပင်ခံပုဂ္ဂိုလ် ဂလိုရီယာ ဘာဘီနာကို ဗုဒ္ဓဟူးနေ့တွင် ဆင့်ခေါ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သိရှိနားလည်သည့် သံတမန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဘာဘီနာ၏ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ မေးမြန်းသောအခါ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က “ပုဂ္ဂလိက သံတမန်ရေးရာ စကားဝိုင်းများ” ကို ဆွေးနွေးရန် ငြင်းဆိုခဲ့သော်လည်း ဌာန၏ ယခင်မှတ်ချက်များအတိုင်း ရပ်တည်ခဲ့သည်။ “တရားမျှတ၊ ပွင့်လင်းမြင်သာပြီး အချိန်နဲ့အညီတရားစီရင်ရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အားပေးပါတယ်။ ဒါကို ဘယ်သူကမှ ကန့်ကွက်သင့်တယ်လို့ မထင်ပါဘူး၊ သီးသန့် ရှင်းရှင်းလင်းလင်း လုပ်မှာပါ” ဟု မီလာက ပြောကြားခဲ့သည်။

ကီဂျီဝါလ် ကို ဗဟိုဘဏ္ဍာရေး ရာဇဝတ်မှုအေဂျင်စီမှ စီးနင်းဝင်ရောက်စစ်ဆေးပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ၎င်း၏ အမ် အက်ဒမီပါတီ (Aam Aadmi Party (AAP) သည် အတိုက်အခံပါတီများထဲမှ ရွေးကောက်ပွဲမတိုင်ခင် တိုက်ခိုက်ခံရသည့်နောက်ဆုံးပါတီတခုဖြစ်သည်။ အတိုက်အခံများသည် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တတိယအကြိမ် သက်တမ်း အရွေးခံမှုကိုမရရန် ကြိုးစားနေကြသည်။ ကီဂျီဝါလ်သည် မိုဒီကို အပြင်းထန်ဆုံး ဝေဖန်သူ တစ်ဦးဖြစ်ပြီး ကီဂျီဝါလ် ၏ မဟာမိတ်များက သူအဖမ်းခံရခြင်းသည် နိုင်ငံရေးအရ လုပ်ဆောင်မှုသာဖြစ်ဟု ဆိုကြသည်။

ဧပြီလ ၁၉ ရက်နေ့တွင် စတင်မည့် အရေးကြီးသော နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုများ မြင့်တက်နေချိန်တွင် မိုဒီသည် နိုင်ငံ၏ ဒီမိုကရေစီ ထူထောင်မှု အခြေခံမူများကိုဆန့်ကျင်လုပ်ဆောင်နေသည့်အတွက် အတိုက်အခံများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းတို့ကိုအင်အားချိ့နဲ့အောင်လုပ်မည်ဟု မျှော်လင့်ရသည်။ အိန္ဒိယ၏ အဓိကအတိုက်အခံဖြစ်သည့် အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီကလည်း မိုဒီ၏ BJP ပါတီသည် အခွန်ဌာနကိုအသုံးချပြီး ၎င်းတို့၏ဘဏ္ဍာငွေများ နစ်နာစေရန်အတွက် လုပ်ဆောင်နေသည်ဟုစွပ်စွဲထားသည်။ ပါတီက ၎င်းတို့၏ ဘဏ်စာရင်းများကို အခွန်ဌာနမှ ခေတ္တပိတ်ထားခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ သန်း ၂၀ ခန့် အသုံးမပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ကီဂျီဝါလ် ကိုဖမ်းဆီးခြင်းသည် အစိုးရမှ အိန္ဒိယ အတိုက်အခံ ပုဂ္ဂိုလ်များနှင့် ပါတီများကို ဖြိုခွဲခြင်းဖြစ်ပြီး အမျိုးသား ရွေးကောက်ပွဲ မတိုင်မီ “အကျပ်အတည်း” သို့ ရောက်ရှိသွားကြောင်း သတိပေးခဲ့သည်။ “အိန္ဒိယအထွေထွေရွေးကောက်ပွဲမကျင်းပမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အာဗင်ကီဂျီဝါလ်ကို ဖမ်းဆီးခြင်းနှင့် အိန္ဒိယ အမျိုးသား ကွန်ဂရက်၏ ဘဏ်စာရင်းများကို ခေတ္တဆိုင်းငံ့ထားခြင်းသည် အာဏာပိုင်များ၏ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန် ဗြောင်ကျကျ ပျက်ကွက်နေခြင်းကို ပြသနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 35 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို
နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 37 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို အဆုံးသတ်ရန် အတွက် ဆီးနိတ်လွှတ်တော် ဖီလီဘက်စတာ(Filibuster) (ဥပဒေကြမ်းအပေါ် အချိန် ကြာမြင့်စွာ ငြင်းခုန်ခြင်း)
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 36 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 71 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 69 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 49 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 48 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်