နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အတိုက်အခံခေါင်းဆောင်နှင့် ဒေလီ ဝန်ကြီးချုပ် အာဗင် ကီဂျီဝါလ်ကိုအိန္ဒိယအစိုးရဖမ်းဆီး

နယူးဒေလီ CNN — ပြီးခဲ့သည့် သီတင်းပတ်က အတိုက်အခံခေါင်းဆောင်နှင့် ဒေလီ ဝန်ကြီးချုပ် အာဗင် ကီဂျီဝါလ် (Arvind Kejriwal) ဖမ်းဆီးခြင်းခံရပြီးနောက် မျှတသော တရားစီရင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန်အမေရိကန်က တောင်းဆိုခဲ့ပြီးနောက် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးကို ဆင့်ခေါ်ခဲ့သည်။ “အိန္ဒိယမှာ တရားရေးဆိုင်ရာ တရားစွဲမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ မှတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ “သံတမန်ရေးရာမှာ နိုင်ငံတွေဟာ အချုပ်အခြာအာဏာနဲ့ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို လေးစားဖို့ မျှော်လင့်ပါတယ်။ ဒီမိုကရေ စီနိုင်ငံတွေမှာဆိုရင် ဒီတာဝန်က ပိုလို့တောင် များပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနသည် အမေရိကန် ပြည်သူ့သံတမန်ရေးရာဌာန ဝန်ကြီး-အတိုင်ပင်ခံပုဂ္ဂိုလ် ဂလိုရီယာ ဘာဘီနာကို ဗုဒ္ဓဟူးနေ့တွင် ဆင့်ခေါ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သိရှိနားလည်သည့် သံတမန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဘာဘီနာ၏ ဆင့်ခေါ်မှုနှင့် ပတ်သက်၍ မေးမြန်းသောအခါ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ က “ပုဂ္ဂလိက သံတမန်ရေးရာ စကားဝိုင်းများ” ကို ဆွေးနွေးရန် ငြင်းဆိုခဲ့သော်လည်း ဌာန၏ ယခင်မှတ်ချက်များအတိုင်း ရပ်တည်ခဲ့သည်။ “တရားမျှတ၊ ပွင့်လင်းမြင်သာပြီး အချိန်နဲ့အညီတရားစီရင်ရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အားပေးပါတယ်။ ဒါကို ဘယ်သူကမှ ကန့်ကွက်သင့်တယ်လို့ မထင်ပါဘူး၊ သီးသန့် ရှင်းရှင်းလင်းလင်း လုပ်မှာပါ” ဟု မီလာက ပြောကြားခဲ့သည်။

ကီဂျီဝါလ် ကို ဗဟိုဘဏ္ဍာရေး ရာဇဝတ်မှုအေဂျင်စီမှ စီးနင်းဝင်ရောက်စစ်ဆေးပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ၎င်း၏ အမ် အက်ဒမီပါတီ (Aam Aadmi Party (AAP) သည် အတိုက်အခံပါတီများထဲမှ ရွေးကောက်ပွဲမတိုင်ခင် တိုက်ခိုက်ခံရသည့်နောက်ဆုံးပါတီတခုဖြစ်သည်။ အတိုက်အခံများသည် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တတိယအကြိမ် သက်တမ်း အရွေးခံမှုကိုမရရန် ကြိုးစားနေကြသည်။ ကီဂျီဝါလ်သည် မိုဒီကို အပြင်းထန်ဆုံး ဝေဖန်သူ တစ်ဦးဖြစ်ပြီး ကီဂျီဝါလ် ၏ မဟာမိတ်များက သူအဖမ်းခံရခြင်းသည် နိုင်ငံရေးအရ လုပ်ဆောင်မှုသာဖြစ်ဟု ဆိုကြသည်။

ဧပြီလ ၁၉ ရက်နေ့တွင် စတင်မည့် အရေးကြီးသော နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ မတိုင်မီ တင်းမာမှုများ မြင့်တက်နေချိန်တွင် မိုဒီသည် နိုင်ငံ၏ ဒီမိုကရေစီ ထူထောင်မှု အခြေခံမူများကိုဆန့်ကျင်လုပ်ဆောင်နေသည့်အတွက် အတိုက်အခံများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းတို့ကိုအင်အားချိ့နဲ့အောင်လုပ်မည်ဟု မျှော်လင့်ရသည်။ အိန္ဒိယ၏ အဓိကအတိုက်အခံဖြစ်သည့် အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီကလည်း မိုဒီ၏ BJP ပါတီသည် အခွန်ဌာနကိုအသုံးချပြီး ၎င်းတို့၏ဘဏ္ဍာငွေများ နစ်နာစေရန်အတွက် လုပ်ဆောင်နေသည်ဟုစွပ်စွဲထားသည်။ ပါတီက ၎င်းတို့၏ ဘဏ်စာရင်းများကို အခွန်ဌာနမှ ခေတ္တပိတ်ထားခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ သန်း ၂၀ ခန့် အသုံးမပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ကီဂျီဝါလ် ကိုဖမ်းဆီးခြင်းသည် အစိုးရမှ အိန္ဒိယ အတိုက်အခံ ပုဂ္ဂိုလ်များနှင့် ပါတီများကို ဖြိုခွဲခြင်းဖြစ်ပြီး အမျိုးသား ရွေးကောက်ပွဲ မတိုင်မီ “အကျပ်အတည်း” သို့ ရောက်ရှိသွားကြောင်း သတိပေးခဲ့သည်။ “အိန္ဒိယအထွေထွေရွေးကောက်ပွဲမကျင်းပမီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အာဗင်ကီဂျီဝါလ်ကို ဖမ်းဆီးခြင်းနှင့် အိန္ဒိယ အမျိုးသား ကွန်ဂရက်၏ ဘဏ်စာရင်းများကို ခေတ္တဆိုင်းငံ့ထားခြင်းသည် အာဏာပိုင်များ၏ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန် ဗြောင်ကျကျ ပျက်ကွက်နေခြင်းကို ပြသနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက