နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့အနီး မိနစ်(၃၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးခဲ့

မတ်လ (၂၉)ရက်။

မတ်လ (၂၆)ရက်နေ့ နံနက်(၁၀)နာရီကျော်အချိန်ကစပြီး အမ်းမြို့အနီး ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့အကြား မိနစ်(၃၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့ရှိ လုံးကျေးရွာရဲ့ အနောက်ဘက် မီတာ(၁၄၀၀)ခန့်အကွာမှာ စစ်ကောင်စီလက်အောက်ခံ ခမရ(၃၄၆)နဲ့ အခြားတပ်တွေစုပေါင်းထားတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းပစ်ကူနဲ့ မြေပြင် လက်နက်ကြီးပစ်ကူတွေပေးပြီး တိုက်ခိုက်ခဲ့ပေမယ့် နာရီဝက်ခန့်တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကာ ရက္ခိုင့်တပ်တော်(AA)ဘက်က တပ်ဖွဲ့ဝင် (၂)ဦး အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ရခိုင်ဒေသထဲမှာ လက်နက်ချအညံ့ခံဖို့ပြောဆိုထားပေမယ့် အခုအချိန်အထိ လက်နက်ချအညံ့မခံသေးတဲ့ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ပြောဆိုထားပါတယ်။

မတ်လ (၂၅)ရက်နေ့ကလဲ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ဘဇာစခန်းကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီနေ့ နံနက်ပိုင်းက စစ်ကောင်စီရဲ့ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ ခလရ(၂၃၄)တပ်ရင်းက အင်အား(၅၀)ခန့်ရှိ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၈)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 20 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉)
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 34 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 23 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုပြီး စစ်ကော်မရှင် သတ်မှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၅)ရက်။ အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရန်ကုန်ရှိ MRTV မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီအွန်လိုင်းလိမ်လည်မှုက နိုင်ငံလုံခြုံရေးကို
မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 34 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့ အစိုးရပြုပြင် ပြောင်းလဲရေး ဟန်ပြလုပ်ရပ်မှာ စာရင်းစစ်ချုပ် ယခုထက်ထိ မခန့်အပ်နိုင်သေးတာဟာ ဆက်ပြီးတော်လှန်ရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်နိုင်ဖို့လားဆိုသလိုဖြစ်နေပြီး စစ်အနိုင်