မတ်လ (၃၀)ရက်။
စစ်ကောင်စီဟာ ပြည်သူကို လူသားဒိုင်းအနေနဲ့သုံးဖို့ ရည်ရွယ်ချက်နဲ့ လူထုကို ဆီဆိုင်မြို့ထဲပြန်၀င်နိုင်ပြီဆိုပြီး သတင်းအမှားဖြန့်နေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီသတင်းအမှားတွေကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ စစ်ဇုန်ထဲကို ၀င်ရောက်မိပါက စစ်ကောင်စီရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုခံရနိုင်သလို မလိုလားအပ်တဲ့ ထိခိုက်တာတွေလဲ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူသားဒိုင်းအနေနဲ့ အသုံးပြုမခံရစေဖို့နဲ့ တိုက်ပွဲအကြား မလိုလားအပ်တဲ့ ထိခိုက်တာတွေ မဖြစ်စေဖို့ PNLA ရဲ့ တရား၀င်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
မနေ့ကလဲ စစ်ကောင်စီဟာ လူထုအချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်ခိုင်းပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့ထဲက နေရာအချို့မှာ ဓါတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို စစ်ကောင်စီက လူထုကို လူသားဒိုင်းအနေနဲ့ ပြုလုပ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်တာတွေ မပြုလုပ်ခဲ့တာလို့ ရေးသားထားပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာတာကြောင့် မြို့ဟာ စစ်ဇုန်ဖြစ်နေတယ်လို့ သိရပါတယ်။