နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖျာပုံထောင်မှာ ထောင်ဖောက်ပြေးဖို့ကြိုးစားတယ်ဆိုပြီး နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား (၈၀)ခန့်ကို (၃)ရက်တိုင်တိုင် ဥပဒေမဲ့ ရိုက်နှက်နှိပ်စက်ခဲ့

ဧပြီလ (၃)ရက်။

ဖျာပုံအကျဉ်းထောင်မှာ ထောင်ဖောက်ပြေးဖို့ကြိုးစားတယ်ဆိုပြီး စစ်တပ်နဲ့ရဲတွေက နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ရာဇဝတ်အကျဉ်းသား (၈၀)ခန့်ကို မတ်လ (၃၁)ရက်ကစပြီး (၃)ရက်တိုင်တိုင် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖြစ်စဉ်အပေါ် ကောင်မွန်စွာ ဖြေရှင်းတာမပြုလုပ်ဘဲ အကျဉ်းထောင်အာဏာပိုင်တွေက စစ်တပ်နဲ့ ရဲကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေ ပူးပေါင်းပြီး ထောင်ဖောက်ပြေးဖို့ ကြံစည်နေကြတယ်ဆိုပြီး သတင်းအမှား ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

တကယ့်မြေပြင်မှာကတော့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ထောင်ဖောက်ဖို့ ကြိုးစားခဲ့တာမရှိတဲ့အကြောင်း တိကျခိုင်မာတဲ့ အထောက်အထားတွေကို ရယူထားတယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်စတင်ဖြစ်ပွားတဲ့ မတ်လ (၃၁)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်မှာ စစ်တပ်နဲ့ ရဲတွေက အကျဉ်းထောင်ထဲဝင်လာပြီး သေနတ်ပစ်ကာ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့သလို အနည်းဆုံး သေနတ် (၁၀)ကြိမ်နဲ့အထက် ပစ်ခတ်ခဲ့ကာ နိုင်ငံရေးအကျဉ်းသားအများအပြားကို မတရားရိုက်နှက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ရိုက်နှက်ခံရသူတွေထဲ အသက် (၂၁)နှစ်ကနေ (၆၅)နှစ်အရွယ်တွေအထိပါဝင်ပြီး နိုင်ငံအကျဉ်းသား (၂၀)ဦးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် အရေးပေါ်ဆေးဝါးကုသဖို့ လိုအပ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် နိုင်/ကျဉ်းတွေဖြစ်တဲ့ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုးနဲ့ ကိုသုတဇံတို့အပါအဝင် ဓါးပြမှုနဲ့ အမိန့်ချခံထာဂရတဲ့ ကိုအောင်ကြီးအပါ ရာဇဝတ်အကျဉ်းသားတွေကို ဧပြီလ (၁)ရက်နေ့ညပိုင်းက ထောင်စည်းကမ်းဥပဒေ (၂၂၄)နဲ့ ထောင်ဒဏ် (၆)လချမှတ်ကာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

ဖျာပုံအကျဉ်းထောင်ဖြစ်စဉ်ထဲ ထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦးနဲ့ ဒုတာဝန်ခံအရာရှိ အောင်ဆန်းလင်းအပြင် လက်ထောက်ကြီးကြပ်ရေးမှူးတွေဖြစ်တဲ့ ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ရဲမြင့်၊ ဟိန်းထက်အောင်တို့ အဓိကပါဝင်ကာ ဧရာဝတီအခြေစိုက်တပ်ရင်း (၉၈)၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲစခန်းက စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေလဲ ညှဉ်းပန်းနှိပ်စက်တာမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို အကျဉ်းထောင်ထဲ ချိုးဖောက်တာတွေပြုလုပ်ဖို့ စေခိုင်းသူတွေ၊ ကျူးလွန်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ ICRC အနေနဲ့ ထောင်အတွင်း ဝင်ရောက်ခွင့်ရအောင်ကြိုးစားပြီး စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနကို အမြန်ဆုံးဖိအားပေးဖို့ PPNM က တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 41 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့