နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ကမ္ဘာ့ဗဟိုစားဖိုချောင် (World Central Kitchen) တည်ထောင်သူ က အစ္စရေးသည် လုပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ

ကမ္ဘာ့ဗဟိုစားဖိုချောင် WCK တည်ထောင်သူ ဟိုဇေး အင်ဒရေး (José Andrés) က ဂါဇာရှိ အစ္စရေးတပ်ဖွဲ့များသည် ၎င်း၏အကူအညီပေးရေးလုပ်သားများကို “ ကားတစီးပြီးတစီး စနစ်တကျ ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။ တနင်္လာနေ့တွင် ၎င်း၏ ဝန်ထမ်းခုနစ်ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုသည် မှားယွင်းမှုကြောင့် မဟုတ်ကြောင်း အစ္စရေးတပ်ဖွဲ့ဝင်များကို ၎င်းတို့၏ လှုပ်ရှားမှုများကို အသိပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သြစတြေးလျ၊ ကနေဒါ၊ ပိုလန်၊ ယူကေနှင့် အမေရိကန်တို့မှ WCK လုပ်သားများအပြင် ၎င်းတို့၏ ပါလက်စတိုင်း လုပ်ဖော်ကိုင်ဖက်များလည်း သေဆုံးခဲ့သည်။ အစ္စရေးက အဆိုပါ တိုက်ခိုက်မှုသည် ကြီးလေးသော အမှားဖြစ်ကြောင်းနှင့် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း ကတိပြုထားသည်။

ပရဟိတအဖွဲ့၏အဆိုအရ၊ ကူညီကယ်ဆယ်ရေးယာဉ်တန်းသည် ဒီအာ အယ်ဘလာ (Deir al-Balah) ဂိုဒေါင်မှ ထွက်ခွာစဉ်ထိမှန်ခဲ့ကြောင်းသိရသည်။ “ အဖွဲ့သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် ဂါဇာကမ်းမြောင်သို့ ပင်လယ်ရေကြောင်း လမ်းကြောင်းမှ အစားအသောက် အကူအညီတန်ချိန် ၁၀၀ ကျော်ကို သယ်ဆောင်လာကြောင်း” ဟုဆိုသည်။ ယာဉ်တန်းကို သံချပ်ကာတပ်ထားတဲ့ ကားနှစ်စီးအပါအဝင် ယာဉ်သုံးစီးပါဝင်သည့်ယဉ်တန်းဖြစ်ပြီး ပရဟိတရဲ့အမှတ်တံဆိပ်ကို ကားခေါင်းမိုးပေါ်မှာ ရှင်းရှင်း လင်းလင်းပြသထားပါတယ်။ ထိုတိုက်ခိုက်မှုအတွင်း သုံးစီးစလုံးကို တစီးပြီးတစီး ပစ်ခတ်ခြင်းခံရပြီး ထိမှန်ပျက်စီးသွားခဲ့သည်။ ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနကို ပြောဆိုရာမှာ စပိန်-အမေရိကန် နာမည်ကြီး စားဖိုမှူးက ဒါဟာ “ ကံဆိုးတဲ့ အခြေအနေမဟုတ်ဘူး၊ အိုး၊ ငါတို့ ဗုံးကို နေရာမှားပြီး ပစ်ချလိုက်မိတာ” လို့ ပြောလို့မရဘူးဟုဆိုခဲ့ပါသည်။

အစ္စရေး၏ Channel ၁၂ သတင်းနှင့် သီးခြားအင်တာဗျူးတစ်ခုတွင် မစ္စတာ Andrés က “ ဒါဟာ သေသေ ချာချာ အမှတ်အသား ရှင်းလင်းစွာလုပ်ထားပြီး တိုက်ရိုက်တိုက်ခိုက်ခဲ့တာဖြစ်တယ် ဒီယဉ်တန်းသွားလာ လှုပ်ရှားမှုကို IDF [အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့] တွင် ရှိသည့်လူတိုင်းက သိထားပြီးသားဖြစ်သည်” ဟု ပြောကြားခဲ့သည်။ သေဆုံးသွားတဲ့ WCK လုပ်သား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ဂါဇာကနေ အီဂျစ်နိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ ၎င်းတို့နှင့်အတူလုပ်ကိုင်ရင်းအတူသေဆုံးခဲ့သည့် ပါလက်စတိုင်းလုပ်ဖော်ကိုင်ဖက်အား ဂါဇာတောင်ပိုင်းရှိ ရာဖာ တွင် ၎င်း၏မွေးရပ်မြေ၌ အင်္ဂါနေ့က မြှုပ်နှံခဲ့သည်။

ဂါဇာကမ်းမြှောင်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ WCK သည်သံသယရှိနေသည့်အတွက် နယ်မြေအတွင်း အကူအညီပေးနေသည့် အဓိကလုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းထားလိုက်သည် ။ လုံခြုံရေး အခြေအနေကို အကဲဖြတ်ရန် ညဘက်တွင် အနည်းဆုံး ၄၈ နာရီကြာ လှုပ်ရှားမှုများကို ခေတ္တရပ်ထားသည်ဟု ကုလသမဂ္ဂက ကြေညာခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ယာဟု က အဆိုပါ တိုက်ခိုက်မှုသည် မရည်ရွယ်ဘဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ “စစ်ပွဲမှာ ဖြစ်ပျက်နေတာဖြစ်တယ်၊ အဆုံးထိ စစ်ဆေးမယ်၊ အစိုးရတွေနဲ့ အဆက်အသွယ်လုပ်ပြီး ဒီဟာ ထပ်မဖြစ်အောင် အားလုံးကို လုပ်မှာပါ” ဟု မစ္စတာ နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ စစ်ဦးစီးချုပ် ဟာဇီ ဟာလီဗီ (Herzi Halevi) က အဖြစ်အပျက်သည် ဆိုးရွားသော အမှားတစ်ခုဟု ခေါ်ဆိုခဲ့ပြီး မှားယွင်းစွာသတ်မှတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် အပြစ်တင်ပြီး “ မဖြစ်သင့်ဘူး” ဟု ပြောကြားခဲ့သည်။ အစ္စရေးက အကူအညီပေးရေး လုပ်သားတွေကို အကာအကွယ်ပေးဖို့ လုံလုံလောက်လောက်မလုပ်ဘူးလို့ စွပ်စွဲပြီး ဒီတိုက်ခိုက်မှုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရှုတ်ချလိုက်ပါတယ်။ “ဟားမတ်စ်ကို တိုက်ခိုက်ရာမှာ အရပ်သားသေဆုံးမှုတွေကို ရှောင်ရှားဖို့နဲ့ လူသားချင်းစာနာတဲ့ လုပ်ဆောင်ရေးတွေကို အားပေပြီး ပဋိပက္ခတွေကို ရပ်တန့်ဖို့ အစ္စရေးကို အမေရိကန်က ထပ်ခါတလဲလဲ တိုက်တွန်းထားပါတယ်” ဟု မစ္စတာ ဘိုင်ဒန်က ပြောကြားခဲ့သည်။

အသတ်ခံရသော ကယ်ဆယ်ရေးလုပ်သား သုံးဦးမှာ ဗြိတိန်နိုင်ငံသားများဖြစ်သည်။ ပိုလန်နိုင်ငံသားတစ်ဦး၊ သြစတြေးလျတဦး၊ ပါလက်စတိုင်းတစ်ဦးနှင့် အမေရိကန်-ကနေဒါနိုင်ငံသားနှစ်ဦးတို့လည်း သေဆုံးခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆန်နက် (Rishi Sunak) သည် မစ္စတာ နေတန်ယာဟုနှင့် အင်္ဂါနေ့က စကားပြောဆိုခဲ့သည်။ ခေါ်ဆိုမှုတွင် ၎င်းက ဂါဇာကမ်းမြောင်ရှိ အခြေအနေအား “သည်းမခံနိုင်ဖွယ်ရာ” အဖြစ် ဖော်ပြခဲ့ပြီး အကူအညီပေးရေးလုပ်သားများ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် ပွင့်လင်းမြင်သာသော လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာ ကန့်သတ်ချက်များကို အဆုံးသတ်ရန်နှင့် အရပ်သားများကို ကာကွယ်ရန်အစ္စရေးကလိုအပ်သည်ဟု မစ္စတာ ဆန်နက် ကပြောကြားခဲ့သည်။

• သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ် (Anthony Albanese) က မစ္စတာနေတန်ယာဟုနှင့် အချိန်အတော်ကြာ ဖုန်းခေါ်ဆိုမှုတွင် ဩစတြေးလျ၏ ဒေါသနှင့် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းဖြစ်ပွားခဲ့ပုံအတွက် ပြည့်စုံမှန်ကန်သော ရှင်းလင်းချက်တစ်ခုကို မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။

• ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရိုဒိုစလော စီကော်စကီး (Radoslaw Sikorski) က ၎င်း၏အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ် (Israel Katz) ထံမှ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း၊

• ကနေဒါဝန်ကြီးချုပ် ဂျပ်သတင်ထရူးဒိုး (Justin Trudeau) က “ တာဝန်ခံမှုအပြည့်” လိုအပ်ကြောင်း ပြောကြားခဲ့ပြီး IDF မှ “ အကူအညီပေးရေးလုပ်သားများကို သတ်ဖြတ်ခြင်းကို လုံးဝလက်မခံနိုင်ပါ” ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လေးရက်က WCK သည် ဂါဇာကမ်းမြှောင်တွင် အစားအစာပေါင်း၄၂ သန်းကို ဖြန့်ဝေခဲ့ပြီး အစားအစာ ထရပ်ကားပေါင်း ၁,၇၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး အစားအစာ ၄၃၅,၀၀၀ ကိုလည်း ပင်လယ်ရေကြောင်းဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။ သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများတွင် အရပ်သားမူဝါဒကို တာဝန်ခံသည့် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနမှ ကိုဂတ်(Cogat) ၏အဆိုအရ WCK သည် နယ်မြေအတွင်းသို့ အစိုးရမဟုတ်သောအကူအညီများ၏ ၆၀% ကို တာဝန်ယူသည်။ WCK နှင့် နီးနီးကပ်ကပ်လုပ်ဆောင်နေသည့် အမေရိကန်အရှေ့အနီး ဒုက္ခသည်အကူအညီပေးရေးအဖွဲ့ (Anera) က ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏လုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်ကြောင်း BBC သို့ ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာလမှစပြီး အကူအညီပေးရေး လုပ်သား ၁၉၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အကူအညီပေးရေး ဝန်ထမ်းများအပေါ် အကြမ်းဖက်မှုကို ကြီးကြီးမားမား မှတ်တမ်းတင်ထားသည့် အမေရိကန် ထောက်ပံ့ကူညီရေး အလုပ်သမား လုံခြုံရေး ဒေတာဘေ့စ်မှ သိရသည်။ အားလုံးဟာတာဝန်ကျနေတဲ့အချိန်မှာ အသတ်ခံရတာတော့ မဟုတ်ပါ။ ဟားမတ်စ် သေနတ်သမားများက အစ္စရေးတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး ဓားစာခံ ၂၅၃ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ အများအပြား ပျက်စီးခဲ့သည်။ ဓားစာခံ ၁၃၀ ခန့်ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံး ၃၄ ဦး သေဆုံးသည်ဟု ယူဆရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 9 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 14 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာစီးပွားရေး နိုင်ငံတကာသတင်း

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ရှာနာ့ဇ် မူဆာဖာ (Shanaz Musafer) ဘီဘီစီ စီးပွားရေးသတင်းထောက်ပေးပို့သည်။ BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် မနေ့ညက အမေရိကန်နှင့် အီရန်တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ ပြီးနောက် ယနေ့နံနက်တွင် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိသည်။