နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယဉ်ကျေးမှုနဲ့ဆန့်ကျင်တယ်ဆိုပြီး အဆိုတော်နဲ့ သရုပ်ဆောင်အချို့ကို စစ်ကောင်စီ အရေးယူ

vဧပြီလ (၅)ရက်။

တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်ရာမှာ ယဉ်ကျေးမှုနဲ့ဆန့်ကျင်တယ်ဆိုပြီး အဆိုတော်နဲ့ သရုပ်ဆောင်အချို့ကို အရေးယူခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ ဘီယာဗိုက်” အမည်နဲ့ တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ အဆိုတော် မေသူနဲ့ သရုတ်ဆောင် အိုကေအပါအဝင် သက်ဆိုင်သူတွေကို ဗဟန်းမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၃(က)နဲ့ အမှုဖွင့်ထားတာလို့ ဆိုပါတယ်။

အဲ့ဒီတေးသီချင်းဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်ရာမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး အရှက်သိက္ခာကင်းမဲ့တဲ့အတွက် အရေးယူဆောင်ရွက်တာလို့ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အမှုဖွင့်လိုက်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၃(က)ဟာ အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ကနေ (၁၅)နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

တေးသီချင်းဗီဒီယိုတွေကို ရိုက်ကူးထုတ်လွှင့်တာမပြုလုပ်ခင် ဆင်ဆာအဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်ယူရမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာ စစ်ကောင်စီက အခုလို အရေးယူတာတွေ ပြုလုပ်လာတာပါ။

ဒါ့ပြင် ရိုက်ကူးထုတ်လွှင့်တဲ့အခါ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု၊ ရက်စက်ကြမ်းကြုတ်တာတွေနဲ့ ကာမရာဂလှုံဆော်တာတွေ မပါဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

KNU ရဲ့ ကော်သူးလေစာသင်ကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ ကော်သူးလေအလယ်တန်းကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအလယ်တန်းကျောင်းကို ကလေးတွေ
မြန်မာသတင်း

တရုတ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာ ဆိုင်းငံ့ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ ငြင်းပယ်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 19 Views
စက်တင်ဘာလ (၄)ရက်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က တရုတ်အစိုးရထံ တိုက်တွန်းချက် (၃)ချက်ပါတဲ့ တိုက်တွန်းစာတစောင်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရထံ တိုက်တွန်းတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 87 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 72 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 65 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 71 Views
စက်တင်ဘာလ (၃)ရက်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း