ဧပြီလ (၆) ရက်။
KIA ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဧပြီလ (၅) ရက်နေ့က သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မနေ့က ဓာတ်ပုံ (၂) ပုံတင်ခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မတ် (၂၁) ရက်နေ့က ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်း နားဖော့ရဲ့ အနောက်ဘက်မှာ ဘိန်းစိုက်ခင်းရှိနေတာကို “ အိမ်နောက်ဖေး စျေးဆိုင်တည်ပါ…(ရှေးမြန်မာစကားပုံ)” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ဖော်ပြသလိုက်ပါတယ်။
နားဖော့တပ်စခန်းဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိပြီး တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးနားမှာ ရှိပါတယ်။ လိုင်ဇာမြို့အနီး နားဖော့ဒေသရဲ့ ပါဂျောင်ဒေသမှာ ရှိပြီး ၁၉၉၂ ပါဂျောင်အစုလိုက်အပြုံလိုက် လူသတ်မှုနဲ့ နာမည်ကြီးတဲ့နေရာလည်း ဖြစ်ပါတယ်။