နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာစီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

ဧပြီလ (၁၁)ရက်။

ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်မှာ မုံရွာမြို့က စီးပွားရေးတက္ကသိုလ်ကျောင်းဝင်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Snipe Rangers Force(Local-PDF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တက္ကသိုလ်ကျောင်းဝင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား(၂၀၀)ခန့်ကို ပူးပေါင်းတပ်ဖွဲ့ဘက်က ၆၀မမ၊ ၈၀မမ၊ ၁၂၀မမ (၁၂)လုံးနဲ့ ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်ခံရတာမှာ စစ်ကောင်စီနဲ့ ပျူစောထီးဘက်က (၃)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့တယ် သိရပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်တာမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲ့ဒီတိုက်ခိုက်ခဲ့တာကို For July 16 စစ်ဆင်ရေးနဲ့ Snipe Rangers Force က ပါဝင်တိုက်ခိုက်ခဲံပြီး ဒေါင်းပျောက်ကျားတပ်၊ မုံရွာခရိုင်တပ်ရင်း(၂၇)၊ GSO တပ်ဖွဲ့နဲ့အတူ မဟာမိတ်တပ်ဖွဲ့ (၃)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့ပြင် For July 16 ကို အားဖြည့်တဲ့အနေနဲ့ လှူဒါန်းကြဖို့နဲ့ ရရှိလာတဲ့ ငွေကြေးတွေကို စစ်အသုံးစရိတ်နဲ့ ရိက္ခာပိုင်းအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ရဲဘော်ဆလိုင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 21 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

KNU ရဲ့ ကော်သူးလေစာသင်ကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 22 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ ကော်သူးလေအလယ်တန်းကျောင်းကို စစ်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော်သူးလေကျောင်းအမှတ် (၇၀၈၂) နော်တခီးအလယ်တန်းကျောင်းကို ကလေးတွေ
မြန်မာသတင်း

တရုတ်အနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုတာ ဆိုင်းငံ့ဖို့နဲ့ ရွေးကောက်ပွဲကိစ္စ ငြင်းပယ်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 20 Views
စက်တင်ဘာလ (၄)ရက်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁)ရက်နေ့က တရုတ်အစိုးရထံ တိုက်တွန်းချက် (၃)ချက်ပါတဲ့ တိုက်တွန်းစာတစောင်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရထံ တိုက်တွန်းတဲ့စာကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 88 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 72 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကြားတာတော့ လူမျိုးရေးအကြောင်းပြ သီးသန့်ခွဲထွက်ပြီး တပ်ဖွဲ့ထောင်တာနဲ့ အမိန့်မနာခံလို့ဆိုပြီး
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 65 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 72 Views
စက်တင်ဘာလ (၃)ရက်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း