နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကလေးပြန်ပေးဆွဲမှုမှာ သိန်း ၃၀၀၀ တောင်းဆိုသော်လည်း မပေးနိုင်၍ ဖခင်ကို ဖမ်းပြီး စစ်ကောင်စီဒေါက်တိုင်ဟု စွပ်စွဲပြီး တရားစွဲ

vဧပြီလ (၁၁) ရက်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့မတ်လ (၂၈) ရက်နေ့က အဖွားနဲ့တွေ့ပြီး ပြန်လာတဲ့ အသက် (၁၂) နှစ်နဲ့ (၇) နှစ်အရွယ် ယောက်ကျားလေးနှစ်ယောက်နဲ့ အဖိုးဖြစ်သူတို့ မိခင်ထံပြန်လာစဉ် ဒေသကာကွယ်ရေး အဖွဲ့တဖွဲ့က ဘုတလင်မြို့နယ်၊ ကင်းဆန်းလမ်းခွဲမှာ ဖမ်းဆီးခံလိုက်ရပြီး သိန်း ၃၀၀၀ နဲ့ ပြန်ရွေးဖို့ အဲ့ဒီအဖွဲ့က တောင်းဆိုနေကြောင်း အခြားဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို သတင်းပို့လာပါတယ်။

ခေတ်မျက်လုံးအနေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များနဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးသွားတဲ့ အဖွဲ့အား လိုက်လံစုံစမ်းရာ ပထမဦးစွာ ဖမ်းဆီးတဲ့အဖွဲ့က သူတို့အဖွဲ့အမည်ကို ယင်းမာပင်တပ်ရင်း ၂၀ လို့ မသဲမကွဲဆိုခဲ့ပြီး အဖွဲ့အမည်ကို ထုတ်ဖော်မပြောဘဲ ထင်ယောင်ထင်မှားလုပ်နေခဲ့ပြီး နောက်ပိုင်းမှ နဂါးညီနောင်အဖွဲ့ (Dragon Brothers Task Force)၊ ချင်းတွင်းဘရားသားအဖွဲ့ တို့ဖြစ်ကြောင်းသိခဲ့ရပါတယ်။ အဲ့ဒီလို ဖမ်းဆီးသွားတာကို သိရှိတဲ့သူက ဘုတလင်မြို့နယ် ပသုံးလုံးအဖွဲ့က ဦးဇော်မင်းသိန်း ဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရခဲ့ပါတယ်။

ဘုတလင်မြို့နယ် ပကဖ/ပအဖ ဦးဇော်မင်းသိန်းကတော့ ဒီကလေးတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ သူတို့က ခွင့်ပြုခဲ့တယ်လို့ သိရှိရပါတယ်။ သူကတော့ သူတို့ ခွင့်ပြုထားတဲ့အတွက် ပြန်ပေးဆွဲမှု မမြောက်ဘူးလို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားတဲ့သူက နဂါးညီနောင်အဖွဲ့က နိုင်မင်းဖြစ်ကြောင်း မြေပြင်အဖွဲ့တွေက သတင်းပို့ပေးလာပါတယ်။ သူတို့အဖွဲ့ကပဲ ကလေး (၂) ယောက်ရဲ့ ဖခင်ဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်တဲ့ ကိုကျော်စိုးသူကို ဖုန်းဆက်ချိန်းဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးတွေကို သိန်း ၃၀၀၀ နဲ့ လာရွေးဖို့ ပြောပြီး ပိုက်ဆံပြန်ရှာဖို့ ကလေးဖခင်ကို ပြန်လွှတ်လိုက်တယ်လို့ ဒီပြန်ပေးဆွဲမှုကို သိရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ ကလေးတွေကို နဂါးညီနောင်အဖွဲ့ရဲ့စခန်းမှာ ထိန်းထားပြီး ကလေးရဲ့ အဖိုးကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ အဖေဖြစ်သူရဲ့ ဖုန်း 09-XXXX-29063 ကို ပြန်ပေးဆွဲထားတဲ့ နဂါးညီနောင်အဖွဲ့က ယူထားလိုက်ပြီး ပိုက်ဆံကိစ္စအတွက် အဲ့ဒီဖုန်းနဲ့ စကားပြောတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲ့ဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြောင်းကြားတိုင်တမ်းခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရမှ တာဝန်ရှိသူများက ကလေးတွေကို ဒီလို ပြန်ပေးဆွဲတာ လုံးဝလက်မခံနိုင်တဲ့အတွက် ကလေးတွေကို ပြန်လွှတ်ပေးဖို့ ညွှန်ကြားထားပြီးပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါပေမယ့် ဒီသတင်းက ကလေးမိဘတွေဆီ မရောက်ခင်မှာ ပြန်ပေးဆွဲထားတဲ့အဖွဲ့က ကလေးမိခင်နဲ့ ပိုက်ဆံ သိန်း ၃၀၀၀ ပြန်ရှာတဲ့ ကလေးဖခင်ကို နောက်နေ့ နေ့လည် ၁၂ နာရီနဲ့ ၁ နာရီကြားထဲမှာ ပိုက်ဆံ သိန်း ၁၅၀၀ လာရွေးဖို့ ပြောဆိုပြီး မလာရင် ကလေးတွေအသက်ကို အာမမခံနိုင်ဘူး သူ့အဆိုးမဆိုနဲ့လို့ ပြောဆိုထားတဲ့ အသံဖိုင်ကို ခေတ်မျက်လုံးမှ နားထောင်ခွင့် ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တဦးနဲ့အတူ ကလေးဖခင်က ပြန်ပေးဆွဲထားတဲ့အဖွဲ့ဆီကို သွားတဲ့အချိန်မှာ ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပြီး ဖခင်ကို ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။ ကလေးဖခင်မှာလည်း သူတို့တောင်းတဲ့ သိန်း ၁၅၀၀ ကို မရှာနိုင်ခဲ့ဘူးလို့ နီးစပ်တဲ့သူတွေက ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ ပြန်ပေးဆွဲ ငွေ သိန်း ၃၀၀၀ တောင်းတဲ့အမှုကို ကာကွယ်တဲ့အနေနဲ့ ကလေးအဖေကို စစ်ထောက်တိုင် ဖြစ်တယ်လို့ စွတ်စွဲပြီး တရားစွဲဖို့ ယင်းမာပင်ခရိုင်ပသုံးလုံးအဖွဲ့ကို လွှဲအပ်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဒီလို ပြန်ပေးဆွဲ၊ ငွေညှစ်နေတာတွေ ဖြစ်ပွားနေတယ်လို့ မကြာသေးခင်ကပဲ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အခွန်အခကောက်ခံတာ၊ ပြန်ပေးဆွဲ၊ ဓားပြတိုက်တဲ့နည်းနဲ့ ရန်ပုံငွေ ရှာဖွေတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပထမဆုံး ဝေဖန်ထောက်ပြလာပါတယ်။ ခေတ်မျက်လုံးက အထောက်အထားတွေ ရရှိထားတဲ့အမှုတွေလည်း ရှိပေမယ့် ဒီ သိန်း ၃၀၀၀ တောင်းတဲ့ ကလေး ပြန်ပေးဆွဲမှုက ပထမဦးဆုံးဖြစ်ပြီး ငွေပမာဏလည်း အများဆုံးအမှုဖြစ်ပါတယ်။

NUG တာဝန်ရှိသူတဦးကတော့ တရားဥပဒေအတိုင်း လုပ်မလုပ် လိုက်နာမှု ရှိမရှိကို စောင့်ကြည့်နေပါတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းတော်လှန်ရေးခေါင်းဆောင်တစ်ဦးကတော့ ဒလန်ဖြစ်လျှင်တောင်မှ NUG မှ ညွှန်ကြားထားတဲ့ ဒလန် စီမံခန့်ခွဲမှုအတိုင်းသာလုပ်ရမှာ ဖြစ်ပြီး ကလေးတွေကို ပြန်ပေးဆွဲ ငွေတောင်းတာဟာ ပြန်ပေးဆွဲမှုသာ ဖြစ်တဲ့အတွက် ဒီအမှုမှာ ပါဝင်သူတွေကိုလည်း တရားဥပအတိုင်း NUG အနေနဲ့ အရေးယူဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ခေတ်မျက်လုံး နားထောင်ခွင့်ရတဲ့ ပြန်ပေးဆွဲသူရဲ့ အသံဖိုင်မှာ ပြောဆိုထားတဲ့အသံဟာ နဂါးညီနောင်အဖွဲ့ခေါင်းဆောင် နိုင်မင်း ဖြစ်တယ်လို့ သူက အတည်ပြုပြောကြားပေးပါတယ်။

ကလေးပြန်ပေးဆွဲမှုကနေ ငွေမရတဲ့အခါ ကလေးတွေကိုပြန်လွှတ်ပြီး ဖခင်ဖြစ်သူကို ဒလန်အဖြစ်အမည်တပ် လွှဲပေးတာကို ပအဖအဖွဲ့အနေနဲ့ သေချာစိစစ်ပြီး တရားမျှတစွာဆုံးဖြတာ ရှိမရှိ၊ တရားဥပဒေစိုးမိုးရေးကို အလေးထားကြောင်း ပြသတဲ့အနေနဲ့ ထိခိုက်နစ်နာတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်မလွှတ်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ သူက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 43 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ