နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

လောင်းလုံး ပကဖက လက်နက်မဲ့ အရပ်သားတစ်ယောက် စစ်ထောက်တိုင်ဆိုပြီး မတရားသတ်ဖြတ်လို့ ဒေသခံတွေ မကျေနပ်

ဧပြီလ (၁၅) ရက်။

ဧပြီလ (၁၂) ရက် မနက်ပိုင်းမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ဦးကြည်လေးကို လောင်းလုံး (ပကဖ) က စစ်ထောက်တိုင်လို့ စွပ်စွဲပြီး သူပိုင်ဆိုင်တဲ့ ဝက်မွေးမြူရေးခြံထဲမှာပဲ သေနတ်နဲ့ပစ်ပြီး သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံး (ပကဖ) ထုတ်ပြန်ချက်မှာတော့ ဦးကြည်လေးဟာ စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းလုပ်ကိုင်နေတာကြောင့် မြို့နယ်အတွင်းကထွက်သွားဖို့ အခုလ ၈ ရက်နေ့က သတိပေးစာပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း မပြောင်းရွေ့တာကြောင့် အရေးယူဖို့သွားရောက်ဖမ်းဆီးချိန် ထွက်ပြေးလို့ မတော်တဆပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဒါပေမယ့် အဲ့ဒီရွာက ဒေသခံတွေကတော့ ဦးကြည်လေးဟာ စစ်ကောင်စီထောက်တိုင် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါဟာ လက်နက်မဲ့ အရပ်သားတယောက်ကို ဥပဒေမဲ့ သတ်တာလို့ ပြောပါတယ်။ အာဏာမသိမ်းခင်ကတည်းက ရဲတွေနဲ့ အဆက်အသွယ်ရှိတာ တစ်ရွာလုံး သိပြီးသားဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကြောင့် အဲ့ဒီရွာကို ဒုက္ခပေးတာမျိုးလည်း မရှိသလို သူ့ကြောင့် အဖမ်းခံရတာ၊ ရွာမီးရှို့ခံရတာတွေလည်း တစ်ခုမှမရှိဘူးလို့ အဲ့ဒီရွာခံတစ်ဦးက ပြောပါတယ်။ ရွာမှာ အမှုခင်းဖြစ်ရင်တောင် ဦးကြည်လေးက ကူညီပေးခဲ့တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

မတော်တဆပစ်ခတ်ခံရပြီး သေတာမျိုးမဟုတ်ဘဲ အနီးကပ်ပစ်သတ်ခံလိုက်ရပြီး ဦးနှောက်ကြေမွသွားတာကြောင့် တမင်တကာ ရည်ရွယ်ပြီး သတ်ပစ်တာလို့ ရွာခံတွေက ပြောပါတယ်။ အဲ့ဒီရွာက ဒေသခံတဦးက ကိုကြည်လေးအသတ်မခံရခင် ၉ ရက်နေ့ညက လောင်းလုံး (ပကဖ) ဒုတာဝန်ခံနဲ့ စကားပြောထားပြီး ၈ ရက်နေ့ပစ်ထားတဲ့စာကို ပြန်ရုပ်သိမ်းဖို့နဲ့ ကိုကြည်လေးရယ် ရွာခံလူကြီးတွေနဲ့၊ ပကဖ ပအဖ ရယ်နဲ့ တွေ့ဆုံဖို့ သဘောတူထားပြီးပြီလို့ ပြောပါတယ်။ ကိုကြည်လေးကို စစ်ဆေးချင်ရင် သူ့ကို ဖုန်းဆက်ပါ၊ ကိုကြည်လေးကို ခေါ်ပေးမယ်လို့ ပြောထားခဲ့တယ်လို့ ဆိုပါတယ်။

ပအဖမြေပြင်တာဝန်ခံကိုလည်း ကိုကြည်လေးတို့နဲ့ ပတ်သက်ပြီး ရွာကလူကြီးတွေ တာဝန်ခံပါ့မယ်လို့ ပြောတာကို အဲလိုတာဝန်ယူပေးရင်တော့ အဆင်ပြေတယ်ဆိုပြီး သဘောတူထားပြီးသားလို့ ဆိုပါတယ်။ ပစ်ထားတဲ့စာနဲ့ပတ်သက်ပြီး ဘာအထောက်အထားရှိလို့လည်း မေးတဲ့အခါ စရဖ ရုံးအဝင်အထွက်ရှိတယ်၊ ပအဖ ပကဖ အနေနဲ့က ရွာထဲက စိတ်ချလို့မရသူတွေ ဒေသကနေ နှင်ဖို့လုပ်ထားတယ်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ နောက်ဆုံးလူတစ်ယောက်အပစ်စ်ရှိခဲ့ရင်တောင် နှစ်ဘက်ကြားနာပြီးမှ တရားရုံးက အမိန့်ချပြီး အပြစ်ပေးရတာကို ဒီပကဖတွေ နားလည်ပုံမရဘူးလို့ ပြောပါတယ်။

လောင်းလုံး (ပကဖ) ဟာ အရင်နှစ်ကလည်း သုံးလအတွင်း စစ်ကောင်စီသတင်းပေး ၇ ဦးကို ပစ်သတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကြေညာချက် ထုတ်ပြန်တဲ့အပေါ် အသတ်ခံရသူတွေရဲ့ မိသားစုဝင်တစ်ချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်တယ်လို့ တောင်းဆိုထားကြပါတယ်။

လောင်းလုံး (ပကဖ) ရဲ့ ထုတ်ပြန်ချက်အောက်မှာလည်း ဒီအမှုကို သိရှိတဲ့ ဒေသခံတွေက ဒီလို လက်နက်မဲ့အရပ်သားတယောက်ကို မတရားသတ်ဖြတ်တဲ့အပေါ် မကျေနပ်တဲ့မှတ်ချက်တွေကို ရေးသားလာကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 33 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 35 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 31 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 38 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 38 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ