နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဥရောပသမဂ္ဂပါလီမန်သည် ရွှေ့ပြောင်းနေထိုင်မှု မူဝါဒဆိုင်ရာ အဓိကပြုပြင်ပြောင်းလဲမှုများကို အတည်ပြုခဲ့သည်။

ဥရောပ ပါလီမန်သည် လူအများအပြားက မိမိတို့နိုင်ငံရှိ ပဋိပက္ခများမှ ရှောင်ထွက်လာပြီး ဥရောပတွင် မကြာခဏ ခိုလှုံခွင့် တောင်းနေသည့်အတွက် ထိုခိုလှုံခွင့်တောင်းသည့် လူအများအပြားကို မည်သို့ ကိုယ်တွယ်ရမည်ဆိုသည့် အခြေခံအချက်များကို ပြောင်းလဲမည့် အစီအစဉ်ကို ဥရောပ ပါလီမန်မှ မဲခွဲဆုံးဖြတ်လိုက်သောကြောင့် ဥရောပသမဂ္ဂ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် ဗုဒ္ဓဟူးနေ့တွင် အဓိက အတားအဆီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်။ ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများသည် အီးယူ၏ အဖွဲ့ဝင် ၂၇ နိုင်ငံအနက် သမိုင်းကြောင်းအရ ခိုလှုံခွင့်တောင်းခံသူ အများဆုံးရယူခဲ့သည့် နိုင်ငံများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဒီဇိုင်းထုတ်ထားသည်။ ဂရိ၊ အီတလီနှင့် မော်လ်တာတို့ကဲ့သို့ အီးယူ၏ တောင်ပိုင်းနယ်နိမိတ်နှင့် ပထဝီဝင်အနေအထားအရ ပိုမိုနီးကပ်သောနိုင်ငံများတွင် အာရပ်နွေဦးနှင့် ဆီးရီးယားပြည်တွင်းစစ်အပြီးတွင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ လာသူအများအပြား ခိုလှုံသူများအဖြစ် ကူးလူးရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသည်။

ဥရောပပါလီမန်ဥက္ကဋ္ဌ ရော်ဘတ်တာ မက်ဆိုလာ(Roberta Metsola) က “အီးယူမှာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့်တောင်းခံမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ ခိုင်မာတဲ့ဥပဒေပြုမူဘောင်တစ်ခုကို ကျွန်တော်တို့ ပေးပို့ထားပါတယ်။ ဒီလိုရေးဆွဲနေခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ကထုတ်ပြောဘဲ ထိန်းထားတယ်”ဟုဆိုသည်။ ဒူဗလင်စည်းမျဉ်း(Dublin Regulation) ဟုခေါ်သော ဥပဒေအောက်တွင်၊ အဖွဲ့ဝင်နိုင်ငံများသည် ဘရပ်ဆဲလ် (Brussels) ရှိ ဗဟို၏ အကူအညီ သို့မဟုတ် အခြားသော အဖွဲ့ဝင်နိုင်ငံများမှ အကူအညီ အနည်းငယ်ဖြင့် ဥရောပ နယ်စပ်သို့ ပထမဆုံးရောက်ရှိလာသော ခိုလှုံခွင့်တောင်းခံသူများကို ၎င်းတို့၏နယ်စပ်တွင် ဆောင်ရွက်ပေးရန်အတွက် တာဝန်ရှိပါသည်။ ယခု ပြုပြင်ပြောင်းလဲမှုများတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါစည်းမျဉ်းကို ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။ သီအိုရီအရ အီးယူသည် ယခုအခါ အဖွဲ့ဝင် ၂၇ နိုင်ငံသည် ထိုဝန်ထုပ်ဝန်ပိုးကို အခြားအဖွဲ့ဝင်နိုင်ငံများသို့ ပြောင်းရွှေ့နေရာချထားပေးခြင်း သို့မဟုတ် ဒုက္ခသည်အရေး ဆောင်ရွက်ရာတွင် ငွေကြေးနှင့် လက်တွေ့ကျသော အကူအညီများမှ တဆင့် ဖြန့်ကြက်လုပ်ဆောင်ပေးမည်ဖြစ်သည်။

အခု ဘာကြောင့်ဒီကိစ္စဖြစ်လာသလဲ။

အီးယူ ပြုပြင်ပြောင်းလဲရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း နိုင်ငံရေးသည် အဓိက မောင်းနှင်အားဖြစ်သည်။ ရွှေ့ပြောင်းအခြေချမှုကိစ္စသည် ဇွန်လတွင်ကျင်းပမည့် ဥရောပရွေးကောက်ပွဲများအတွက် အဓိကပြဿနာဖြစ်လာသည်။ အခြေအနေများအရ နိုင်ငံခြားသားများ ရွေ့ပြောင်းအခြေချလာမှုကို ဆန့်ကျင်သည့် နိုင်ငံရေးသမားများမှ ဥရောပ ပါလီမန်အတွင်း ရွှေ့ပြောင်းအခြေချမှု ကို ပိတ်ဆို့ဖို့ လုံလောက်တဲ့ အာဏာကို စွမ်းဆောင်နိုင်လိမ့်မယ်ဟု မျှော်မှန်းရသည်။ “ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည် ဖော်ဖို့က အလွန်အရေးကြီးပါတယ်၊ ဒါမှ ဥရောပနိုင်ငံများရှိ ပင်မပါတီများက ရွှေ့ပြောင်းအခြေချမှုနဲ့ ပတ်သက်ပြီး တက်ကြွစွာ လုပ်ဆောင်နေတယ်လို့ ပြောနိုင်မှာဖြစ်တယ်” ဟု ပြောင်းလဲနေသော ဥရောပ ဌာနတွင် လုပ်နေသော ယူကေ မှ အကြီးတန်း သုတေသီ ဂျိုလီ ဂရိုဂင် (Joelle Grogan) က ပြောကြားခဲ့သည်။

ဥရောပ ရွေးကောက်ပွဲများအပြင်ဖက်တွင် ပြန်လည်ရှင်သန်လာသောတောင်းဆိုခွင့် တစ်ခုကရှိနေသည်။ အီးယူနိုင်ငံအများအပြားတွင် အထူးသဖြင့် အီတလီ၊ ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် ဆွီဒင်တို့တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သော Euroskeptic (ဥရောပလူမျိုးများ အင်အားနည်းလာမည်ကိုစိုးရိမ်သောသူများ) နိုင်ငံရေးသမားများသည် ပြတ်ပြတ်သားသားအနိုင်ရခြင်း သို့မဟုတ် ညွန့်ပေါင်း ဖွဲ့စည်းခြင်းမှ တစ်ဆင့် ရွေးကောက်ပွဲများတွင် အာဏာရလာနေကြသည်။ ပြင်သစ်နှင့် ဂျာမနီအပါအဝင် အခြားနိုင်ငံကြီးများတွင် ၎င်းတို့သည် ထင်ရှားသော အတိုက်အခံအသံများဖြစ်သည်။ ဤလမ်းကြောင်းသည် ၎င်းတို့၏မဲဆန္ဒရှင်များကို ဆွဲဆောင်ရန် မျှော်လင့်ချက်ဖြင့် ရွှေ့ပြောင်းနေထိုင်မှုကို ထိန်းချုပ်ခြင်း နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒများမှ ပြုပြင်ရန်တောင်းဆိုခြင်းတို့မှ တစ်ဆင့် ဥရောပနိုင်ငံရေး ပင်မရေစီးကြောင်း အဖြစ်သို့ ဦးတည်သွားစေခဲ့သည်ဟု ဂရိုဂင် က ဆိုသည်။

ဒီပြုပြင်ပြောင်းလဲမှုတွေက အလုပ်ဖြစ်မှာလား။

အီးယူသည် တိုက်ကြီးပေါ်ရှိ အပြင်းထန်ဆုံးမူဝါဒဆိုင်ရာ ကိစ္စရပ်များအတွက် နှစ်ပေါင်းများစွာ စေ့စပ်ညှိနှိုင်းပြီးနောက် ဤအောင်ပွဲအား မှန်ကန်စွာ ဂုဏ်ပြုမည်ဖြစ်သော်လည်း ပြုပြင်ပြောင်းလဲမှုများသည် အချို့က မျှော်လင့်ထားသလောက် ကျယ်ပြန့်မည်မဟုတ်ပေ။

ဒူဗလင်(Dublin) စည်းမျဉ်းကို ပြန်လည်ပြင်ဆင်နေချိန်တွင် ရွှေ့ပြောင်းနေထိုင်သူများ၏ ဝန်ထုပ်ဝန်ပိုးသည် ၎င်းတို့ ဆိုက်ရောက်ရာ နိုင်ငံများအပေါ်တွင် အကျုံးဝင်နေသေးသည်။ အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုမှ လွန်ခဲ့သည့် ခြောက်နှစ်အတွင်း ရရှိခဲ့သော ဒီပလိုမာ လက်မှတ်ကို ကိုင်ဆောင်ထားပါက သို့မဟုတ် အီးယူအစုအဖွဲ့ရှိ အခြားနေရာတွင် မိသားစုရှိပါက၊ ၎င်းတို့အား အခြားနေရာများသို့ ရွေ့ပြောင်းရန် လျှောက်ထားခွင့်ပြုမည့် အကြောင်းရင်းများ ရှိပါသည်။ သို့သော် ဥရောပ မူဝါဒစင်တာမှ အကြီးတန်းလေ့လာဆန်းစစ်သူ အယ်ဘာတို နိဒ်ဟဒ် (Alberto Neidhardt) က “ဒါက လူအနည်းငယ်ကိုပဲ သက်ရောက်မှုရှိမယ်လို့ ကျွန်တော်တို့ ယူဆနိုင်ပါတယ်။ ဒါတွေက အပေါ်ယံ အလှပြင်ပြောင်းလဲမှုတွေချည်းပါပဲ” ဟုဆိုသည်။

ဤပြုပြင်ပြောင်းလဲမှုများ၏ အခြားသော့ချက်အပိုင်းမှာ စည်းလုံးညီညွတ်မှု ယန္တရားဟုခေါ်သည့် အရာဖြစ်ပြီး ၎င်းသည် လူများကို မိမိတို့ကိုယ်တိုင် မိမိနိုင်ငံသို့ ခေါ်ဆောင်ခြင်းဖြင့် ရွှေ့ပြောင်းအခြေချ လာရောက်သူအများဆုံး ရောက်ရှိသည့် ဒဏ်အခံရဆုံး နိုင်ငံများကိုကူညီရန်၊ အခြားအဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေကူညီ လုပ်ဆောင်ပေးရန်လိုအပ်သည် (အီးယူ စည်းမျဉ်းများတွင် တစ်နှစ်လျှင် အဖွဲ့ဝင်နိုင်ငံတစ်ခု မှ အနည်းဆုံးလူ ၃၀,၀၀၀ လက်ခံရန် သတ်မှတ်ထားသည်) ; ငွေကြေးထောက်ပံ့မှု (တစ်နှစ်လျှင် ဒေါ်လာ သန်း ၆၀၀ သတ်မှတ်ထားသည်)၊ သို့မဟုတ် တတ်နိုင်သော အကူအညီပေးမှု – လူပုဂ္ဂိုလ်အလိုက် ထုတ်ချေးငွေများ ပါဝင်နိုင်သည်။ သို့သော်လည်း အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စည်းလုံးညီညွတ်မှု ကိုပြသည့်အနေနှင့် အထောက်အပံပေးမှုများတွင် တဦးချင်းဆုံးဖြတ်ပိုင်ခွင့် အာဏာ အပြည့်အဝ ရှိမည်ဟု အီးယူ မှ ပြောကြားထားပြီး မည်သည့်နိုင်ငံမှ” နေရာရွှေ့ပြောင်းခြင်းများကို လုပ်ဆောင်ရန် တာဝန်ရှိလိမ့်မည် မဟုတ်ဟု” ဆိုထားသော်လည်း ခြွင်းချက်အဖြစ်ထားရသည့်အခြေအနေများ ရှိလိမ့်မည်ဟု ဥရောပသမဂ္ဂမှ  ပြောကြား ခဲ့သည်။

ထိုအချက်သည် နိုင်ငံရေးအရ နောက်တစ်ကြိမ် လှည့်စားလာနိုင်သည့် အချက်ဖြစ်သည်ဟု နိဒ်ဟဒ် (Neidhardt) က ဆိုသည်။ “ဒါတွေအားလုံးက ပထမနေရာမှာ အကောင်အထည်ဖော်ရောက်ရှိလာဖို့ နောက်နှစ်နှစ်လောက် အချိန်ယူရတာမို့ နေ့ချင်းညချင်း အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။ “ပြီးတော့ နောက်ဆုံးမှာ အဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင်က ဒီအစီအမံသစ်တွေကို လက်တွေ့ကျကျ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို ဆုံးဖြတ်ရမှာပါ။ ဒီကိစ္စဟာဖြစ်နိုင်စရာရှိပါတယ် မြင်း အရောင်းအဝယ် လုပ်နေတဲ့နေရာလိုပေါ့ ဘယ်သူကငွေသားပေးခွင့်ပြုမယ် ဘယ်သူက တဖက်ကသူကို လူတွေကို ခေါ်ယူစေမယ်ဆိုတာမျိုးကို မြင်တာမျိုးပေါ့။”

ထို့အပြင် ၎င်းသည် အခြားသော အီးယူ ကိစ္စရပ်များနှင့်လည်း ဆက်စပ်မှုရှိနိုင်ဖွယ်ရှိသည်။ မကြာသေးမီက အဖွဲ့ဝင်နိုင်ငံများသည် ပြဿနာတစ်ခုတွင် – ယူကရိန်းအတွက် ရန်ပုံငွေ သို့မဟုတ်ကိုဗစ် ကယ်ဆယ်ရေး ကိစ္စရပ်များကို နောက်တွန့်နေသည့် အဖွဲ့ဝင်နိုင်ငံများ ဥပမာအားဖြင့် အများအပြားရှိခဲ့သည် – ၎င်းတို့သည် အီးယူ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းအား မျက်ကွယ်ပြုထားခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများတွင် အီးယူသို့ ရွှေ့ပြောင်းနေထိုင်မှုကို ရပ်တန့်ရန်အတွက် အီးယူသို့ ပင်လယ်ကမ်းခြေမှ လှေစီးဝင်ရောက် လာနိုင်ခြင်းအပါအဝင် အခြားနိုင်ငံများသို့ ငွေပေးပို့ခြင်းဖြင့် ရပ်တန့်ပေးရန်အားပေးခြင်း နှင့် အငြင်းပွားဖွယ်ရာ အစီအမံများစွာ ပါဝင်ပါသည်။ သို့သော်လည်း ဘရပ်ဆဲလ်တွင် မည်သည့်အရာက မည်သို့လုပ်ဆောင်မည်ကို အတိအကျ ဖော်ပြခြင်းမရှိသေးဘဲ လာမည့်ရက်သတ္တပတ်များအတွင်း အကောင်အထည် ဖော်မည့် အစီအစဉ်ကို ထုတ်ပြန်ရန် မျှော်လင့်ထားသည်။

ရွှေ့ပြောင်းလာခြင်းအတွက်အဓိပ္ပါယ်ကဘာလဲ?။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် အောင်မြင်သည်ထက် ပိုအရေးကြီးသည်မှာ “ အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ မဲဆန္ဒရှင်များအား ရွှေ့ပြောင်းနေထိုင်မှုကို ပိုကောင်းအောင် ထိန်းချုပ်ထားကြောင်း ၎င်းတို့က ထင်မြင်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်” ဟု ဂရိုဂင် မှ ပြောကြားခဲ့သည်။ စည်းလုံးညီညွတ်ရေးယန္တရားသည် ရွှေ့ပြောင်းအခြေချခြင်းနှင့် ပတ်သက်လာလျှင် သမိုင်းကြောင်းအရ လုပ်ဆောင်မှု အားနည်းခဲ့သော အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်ရာတွင်လည်း အထောက်အကူ ဖြစ်သင့်သည် ဟုဆိုသည်။

အဖွဲ့ဝင်နိုင်ငံများသည်တနိုင်ငံနှင့်တနိုင်ငံဆက်ဆံရေးကောင်းလာပြီး နိုင်ငံရေးအရ အတော်လေး တည်ငြိမ်လာသောအခါတွင် အီးယူ သည် ပိုမိုချောမွေ့စွာ လည်ပတ်နိုင်ရန် ရည်မှန်း ထားသည်။ ဘရပ်ဆဲလ် တွင် လူအနည်းငယ်က ၎င်းကို ဝန်ခံကြသော်လည်း ယင်းသည် ပြုပြင်ပြောင်းလဲမှုများ၏ ကြီးမားသော အစိတ်အပိုင်းဖြစ်သည်။ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုသည် လာမည့်နှစ်များအတွင်း အီးယူ၏ စည်းလုံးညီညွတ်မှုတွင် သေးငယ်သော အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပါဝင်မည်ဖြစ်ပြီး၊ ယူကရိန်းမှသည် ရာသီဥတု ဖောက်ပြန်မှုအထိ ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် ၎င်းသည် လာမည့်နှစ်များတွင် အီးယူ၏ စည်းလုံးညီညွတ်မှုတွင် အနည်းငယ်မျှသာ ပါဝင်မည်ဖြစ်သည်။ သူတို့ရဲ့ အရေးအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကို လာမယ့်နှစ်အစမှာ မည်သူက ဦးဆောင်မည် (ဘိုင်ဒင်လား-ထရန့်လား)ကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

CNN ၏ ၂၀၂၄ခုနှစ် ဧပြီလ ၁၀ရက် “ EU Parliament approves major reforms to migration policy” ကိုခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 17 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 18 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်