နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကြောင်းနဲ့တိုးလို့ဆိုပြီး စစ်ကောင်စီက ပအိုဝ်းဒေသခံနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့

ဧပြီလ (၁၉)ရက်။

မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်မှာ ဆီဆိုင်မြို့ရှိ ဖြီတခေါ့ကျေးရွာက ‌ပအိုဝ်းဒေသခံနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပအိုဝ်းဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေချိန် ဆီဆိုင်-လွိုင်ကော်လမ်းမရှိ ပုလောကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိရာက စစ်ဆေးမေးမြန်းတာမရှိဘဲ စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုပစ်ခတ်တာကြောင့် ဒေသခံနှစ်ဦးထဲက တစ်ဦးဟာ နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းရဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရသူရဲ့ ရုပ်အလောင်းကို အခုအချိန်အထိ စစ်ကောင်စီတပ်က ပြန်လည်သယ်ယူခွင့် မပြုသေးဘူးလို့ ရေးသားထားပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ (၃)လကျော်ကြာ တိုက်ပွဲတွေထဲ အရပ်သားသေဆုံးသူ (၆၁)ဦးရှိခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ အများဆုံးပါ၀င်တယ်လို့ ပအိုဝ်းလူငယ်များအစည်းအရုံး(PYO)က ပြောဆိုထားပါတယ်။

ဒါ့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း (၇၀၀၀၀)ကျော်အထိရှိပြီလို့လဲ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံဖို့ NUG တောင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 45 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တဲ့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆောင်ရွက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့တယ်လို့
မြန်မာသတင်း

အခုလထဲ ရခိုင်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား (၂၀)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 45 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကစပြီး (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၂၀)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့
မြန်မာသတင်း

ICC ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 45 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားလွှတ်တော်ရှေ့နေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်တာဟာ ရခိုပြည်နယ်ထဲ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 49 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ တောင်ကုတ်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စကခ(၅)လက်အောက်ခံ ခမရ(၃၄၆)နဲ့ ခမရ (၅၄၄)တို့က အလံဖြူထောင် လက်နက်ချအညံ့ခံပြီးနောက် မြို့ကို
မြန်မာသတင်း

၂၀၂၅ဟာ တော်လှန်ရေး အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 52 Views
နိုဝင်ဘာလ (၂၇)ရက်။ ၂၀၂၅ဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်းဖြစ်လာမယ့်နှစ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၅ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် တကယ်ကို အလှည့်အပြောင်းတွေ ဖြစ်လာမယ့် နှစ်ဖြစ်ပါတယ်။
မြန်မာသတင်း

စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့သား မင်္ဂလာဆောင်မယ့် MICC-2 တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 51 Views
နိုဝင်ဘာလ (၂၇)ရက်။ စစ်ကောင်စီဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ မင်္ဂလာဆောင်မယ့် နေပြည်တော်ရှိ MICC-2 ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရှာထူးဝေါ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်ရှိ MICC-2 ကို နိုဝင်ဘာလ
မြန်မာသတင်း

ရန်ကုန်မှာ ဖုန်းနဲ့ဆက်သွယ်ပြောဆိုပြီး ငွေကြေးလိမ်လည်သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 47 Views
နိုဝင်ဘာလ (၂၇)ရက်။ ရန်ကုန်တိုင်းထဲ ဖုန်းနဲ့ဆက်သွယ်ကာ အယောင်ဆောင်ပြောဆိုပြီး ငွေကြေးလိမ်လည်တဲ့ အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၅)ဦးကို နိုဝင်ဘာလ (၁၇)ရက်နေ့ ညနေပိုင်းက ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်မှာ
မြန်မာသတင်း

ပြည်ပရောက်ရှိနေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေ မြန်မာပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 16 Views
နိုဝင်ဘာလ (၂၆) ရက်။ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေအနေနဲ့ မဟာဗျူဟာကျကျ ဆွေးနွေးချက်တွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ အရင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်လို့မရတော့ဘဲ လက်တွေ့ကျတဲ့လုပ်ငန်းရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့