နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်သူအစ္စရေးများ ပါလက်စတိုင်းများကို နှိပ်စက်ညှဉ်းပန်းမှုသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာ

++++++++++++++++++++++++++++++++++

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (Human Rights Watch (HRW)) က ၂၀၁၀ ပြည့်နှစ်တွင် အနောက်ဘက်ကမ်းတွင် အစ္စရေးအခြေချနေထိုင်သူများက ပါလက်စတိုင်းများအပေါ် တိုက်ခိုက်မှု အရေအတွက် တိုးလာကြောင်းနှင့် ဆက်စပ်အချက်အလက်များကို ကုလသမဂ္ဂက စတင်စုဆောင်းနေပြီဟု သိရသည်။ ယခုအခါ ၂၀၀၆ နောက်ပိုင်း အဆိုးဆုံးအဆင့်သို့ ရောက်ရှိလာပြီဟု ဖော်ပြထားသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်မှ ယခုနှစ် ဧပြီလ ၃ ရက်ကြားတွင် အမှုပေါင်း ၇၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများ၏ ထက်ဝက်နီးပါးကို အခင်းဖြစ်ပွားရာနေရာ၌ စစ်ဝတ်စုံဝတ်ဆင်ထားသည့် အစ္စရေးစစ်သားများကို မြင်တွေ့ခဲ့ရကြောင်းလည်း ထောက်ပြထားသည်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့မှစတင်၍ အနောက်ဘက်ကမ်းတွင် စစ်သားများနှင့် အခြေချနေထိုင်သူများ အကြမ်းဖက်မှုများ တိုးလာကြောင်း ရှင်းပြခဲ့သည်။ ကလေး 600 အပါအဝင် ပါလက်စတိုင်းလူမျိုး 1,200 ကျော်သည် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာများမှ နှင်ထုတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

အနည်းဆုံး ပါလက်စတိုင်း ၁၇ ဦး သေဆုံးပြီး ၄၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ အောက်တိုဘာ ၇ ရက်ကတည်းက အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းအခြေချနေထိုင်သူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

HRW ၏အဆိုအရ ပါလက်စတိုင်းအာဏာပိုင်တို့ အခြေစိုက်ရာ အနောက်ဘက်ကမ်း ရာမာရာအနီးရှိ ရွာတစ်ရွာကို လက်နက်ကိုင်အရပ်ဝတ်များနှင့် အစ္စရေးစစ်တပ်က လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၁၂ ရက်က တိုက်ခိုက်ခဲ့သည်။ ကလေး ၉၀ အပါအဝင် လူ ၁၈၀ ခန့် အိုးအိမ်ဆုံးရှုံးခဲ့ကြောင်း ရွာသားများက ထွက်ဆိုခဲ့သည်။

အစ္စရေးစစ်သားများ ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် နှောင့်ယှက်မှုဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးအစီရင်ခံစာသည် မျက်မြင်သက်သေ ၂၇ ဦး၏ ထွက်ဆိုချက်များကို အခြေခံထားသည်။ ဒေသခံပါလက်စတိုင်းများကို နှောင့်ယှက်သည့် M16 မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် အစ္စရေးစစ်သားများကို ရိုက်ကူးထားသည့်ဗီဒီယိုဖိုင်များလည်း ရှိသည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မေးခွန်းများကို တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်းလည်း ဖော်ပြထားသည်။

အစ္စရေးတို့အီအပ် အတင်းအကြပ် နှောက်ယှက်တိုက်ခိုက်မှုနှင့် ပါလက်စတိုင်းများကို နှင်ထုတ်ခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခြင်းနှင့် သိမ်းပိုက်ထားသော နယ်မြေများတွင် ပါလက်စတိုင်းများ၏ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။

တချိန်တည်းမှာပင် HRW ရဲ့ အစီရင်ခံစာကို တုံ့ပြန်သည့်အနေနှင့် အစ္စရေးစစ်တပ်က ပါလက်စတိုင်းများကို အခြေချနေထိုင်သူများ၏ နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ဖို့ ပျက်ကွက်သည့် အစ္စရေးစစ်သားမှန်သမျှကို အပြစ်ပေးအရေးယူမယ်ဟု အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

ပါလက်စတိုင်းများကို အစ္စရေးအချို့က တိုက်ခိုက်ခဲ့သည့် မြင်ကွင်းများကို တပ်ဖွဲ့အတွင်းမှ စစ်သားများက မြင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဓာတ်ပုံ။

ဧပြီ ၁၃ ရက်က အနောက်ဘက်ကမ်းရှိ Beitin ရွာတွင် အစ္စရေးအခြေချနေထိုင်သူများနှင့် ပါလက်စတိုင်းတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် ဗီဒီယိုမှစခရင်ကို ဖမ်းယူထားသည့်ဓာတ်ပုံ။/CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 26 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 31 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြိုမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီကို နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာ။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 33 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 29 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout