ဧပြီလ (၂၅)ရက်။
ဒီကနေ့ နံနက်ပိုင်းက မြင်းခြံမြို့ရှိ စစ်ကောင်စီရဲ့ ကုက္ကဲရဲစခန်းက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ကုက္ကဲရဲစခန်းထဲ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အမှတ်(၈၁၅)တပ်ဖွဲ့-PLA(အနောက်မြောက်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့-PLA စုပေါင်းအင်အား၊ မြင်းခြံ 35 တပ်ဖွဲ့၊ BGF နဲ့ KG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များပြီး ကုက္ကဲရွာကို အကာအကွယ်ယူကာ မြင်းခြံကပစဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းဆုတ်ခွာသွားတာကြောင့် ကုက္ကဲရဲစခန်းကို PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ MA-1 တစ်လက်နဲ့ ကျည်ဘောက် (၁)ဘောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။