နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တူမီးနဲ့စခဲ့တဲ့ CDF-Mindat တော်လှန်ရေး ၃ နှစ်ပြည့်ပြီ

ဧပြီလ (၂၅) ရက်။

တူမီးနဲ့စခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် (Chin Defense Force -Mindat ) စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ ဒီနေ့ ဧပြီလ (၂၄) ရက်နေ့မှာ သုံးနှစ်ပြည့်သွားလို့ တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး သုံးနှစ်တာကာလမှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲအကြိမ်ရေ ၂၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီးအဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီ သုတ်သင်ရှင်းလင်း နိုင်ခဲ့ပေမယ့် CDF-Mindat ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ပြီး CDF-Mindat ရဲ့ ပထမဆုံး တပ်မဟာမှူး ဆလိုင်းထန်းဒိန်းမာန်လည်း ကျဆုံးခဲ့ရပါတယ်။

CDF-Mindat ရဲ့ ဂေါက်ကွင်းတိုက်ပွဲဟာလည်း နာမည်ကျော်ခဲ့တဲ့ တိုက်ပွဲတခု ဖြစ်ခဲ့ပါတယ်။

သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်က အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးပြီး ၅၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ခရစ်ယန်းဘုရားကျောင်း ၈ လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၄ လုံး အပါအဝင် လူနေအိမ် ၈၈ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီသုံးနှစ်အတွင်း မင်းတပ်ပြည်သူ (၁၀၀) ကျော်ကို မတရားဖမ်းဆီးထားပြီး ဒီနေ့အထိ မလွတ်သေးဘူးလို့ သိရပါတယ်။

CDF-Mindat ဟာ တော်လှန်ရေးသုံးနှစ်အတွင်း မကွီအိမ်နူးက စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခဲ့သလို မဟာမိတ်တပ်ပေါင်းစုများနဲ့အတူ မကွေးတိုင်းက ရေလည်စခန်း၊ ဆည်ပေါ်စခန်းနဲ့ မတူပီမြို့နယ်က ထယ်ဘွေးစခန်းတို့ကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

CDF-Mindat ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို အွန်လိုင်းကနေတဆင့် မနေ့ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး NUCC၊ CRPH၊ ချင်းညီနောင်၊ ICNCC၊ CRCH၊ MTP နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့များမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 25 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 34 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 49 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 36 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 27 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 54 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို