နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

နမ့်ဖတ်ကာရွာက KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်က ပစ်ခတ်စီးနင်းတာတွေပြုလုပ်ခဲ့

ဧပြီလ (၂၇)ရက်။

မနေ့က နေ့လယ် (၂)နာရီခွဲအချိန်မှာ ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာကျေးရွာအထွက်ရှိ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ်က KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်က ပစ်ခတ်စီးနင်းခဲ့တယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။

“ ကိုးကန့်စစ်သားတွေက ကား (၃) စီး‌နဲ့ရောက်လာပြီး KIA စစ်သားတွေကို ဝိုင်းလိုက်တာ၊ ပြီးတော့ သေနတ်တွေကို သိမ်းလိုက်ပြီး KIA စစ်သားတွေကို ဝိုင်းထိုးတဲ့သူကထိုး၊ ကန်တဲ့သူကကန်နဲ့ လုပ်ကြတော့၊ ပြောတဲ့စကားတွေကိုလဲ နားမထောင်ဘူး၊ စကားပြောစက်ကိုလဲ လုယူပြီးလွှင့်ပစ်လိုက်ကြတယ်၊ နောက်ပြီး သေနတ်ပစ်ဖောက်တာတွေရှိတော့ ဂိတ်မှာတန်းစီနေတဲ့ ကားတွေလဲ ဆက်မသွားရဲတော့ဘဲ ရပ်နေကြရတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုထားပါတယ်။

အခုလို KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ကား (၃) စီးနဲ့ လာရောက်ပြီး KIA စစ်သားတွေထံက လက်နက်တွေ သိမ်းယူခဲ့သလို ဝိုင်း၀န်းထိုးနှက်ကာ သေနတ်ပစ်ဖောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် KIA ဘက်က ကိုယ်ထိလက်ရောက်မကျူးလွန်ဖို့ ပြောဆိုခဲ့ပေမယ့် ကိုးကန့်တပ်ဘက်က နားထောင်တာမရှိဘဲ KIA စစ်သားဆီက စကားပြောစက်ကိုလဲ လုယူလွှင့်ပစ်ခဲ့ကြကာ ဂိတ်မှာတန်းစီနေတဲ့ ကားတွေကို ပြန်လှည့်ခိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တွေက KIA စစ်ဆေးရေးဂိတ်ကို အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်ကို နှစ်ဖက်တာ၀န်ရှိသူတွေက ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။

အဲ့ဒီစစ်ဆေးရေးဂိတ်ဟာ ၁၀၂၇ စစ်ဆင်ရေးကာလထဲ KIA က စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်းကို တစ်လနီးပါးကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး နမ့်ဖတ်ကာကျေးရွာမှာ KIO ရဲ့ အရပ်ဘက်အုပ်ချုပ်ရေးစနစ် စတင်လည်ပတ်နေပြီလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏