မေလ (၂)ရက်။
မနေ့က မြင်းခြံမြို့နယ်ရှိ နတ်ထားကျေးရွာက ပျူစောထီးတစ်ဦး အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Freedom Freedom Fighter Guerrilla Force (FFGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးဟာ အသက်(၄၀)ကျော်အရွယ်ရှိ ထွန်းထွန်းဆိုသူဖြစ်ပြီး သူ့ဆီကနေ ကာပိုင်ကျည် (၂၃)တောင့်၊ ၇၉.၂ကပစထုတ် ကျည်တစ်တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီပျူစောထီးရှင်းလင်းတာကို Freedom Freedom Fighter Guerrilla Force (FFGF)နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ Anyar Federal Task Force(AFTF)/ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့(MGN) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပျူစောထီး ထွန်းထွန်းဟာ မြင်းခြံမြို့က (၁၇)နဲ့ (၁၈)ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး သေနတ်ကိုင်ကာ ပြည်သူတွေကို ဖိနှိပ်တာတွေရှိတဲ့အပေါ် တိုင်ကြားတဲ့အတွက် စောင့်ကြည့်လေ့လာပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
]