နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတောင်ပိုင်းရှိ ဟယ်ရီပေါ်တာ ရဲတိုက်ကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၅ ဦး သေဆုံး

မေလ (၂) ရက်။

ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အိုဒက်ဆာကို ဧပြီလ ၂၉ ရက်နေ့က ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။

ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးက ထုတ်ပြန်သည့် တိုက်ခိုက်မှု ဗီဒီယိုဖိုင်တွင် ပင်လယ်ကမ်းစပ်နားက ဧရိယာတစ်ခု၌ စက္ကန့်ပိုင်းအတွင်း ဗုံးအသေးလေးများ ဒါဇင်နဲ့ချီ ပေါက်ကွဲခဲ့သည်ကို ပြသခဲ့ပါသည်။

အာဏာပိုင်များက ထုတ်ပြန်သည့် အခြားဗီဒီယိုများနှင့် ဓာတ်ပုံများတွင် ပညာရေးဆိုင်ရာအဆောက်အအုံ၏ ပုံဆောင်မျှော်စင်နှင့် အမိုးများ မီးတောက်လောင်နေသည်ကို ပြသခဲ့သည်။ ဤအဆောက်အအုံကို “ဟယ်ရီပေါ်တာ ရဲတိုက်´ နှင့် အသွင်အပြင်ဆင်တူသည့်အတွက် ယူကရိန်းရှိ ဟယ်ရီပေါ်တာ ရဲတိုက်ဟု ခေါ်တွင်ကြသည်။

ယူကရိန်း အာဏာပိုင်များက ရုရှားသည် Iskander ပဲ့ထိန်းဒုံးကျည်များနှင့် ကလပ်စတာဗုံးများကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ထားသည်။

သတ္တုအပိုင်းအစများနှင့် ဒုံးကျည်အပိုင်းအစများကို တိုက်ခိုက်မှုနေရာမှ ၁.၅ ကီလိုမီတာအကွာအဝေးအတွင်း ဆယ်ယူရရှိခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ် Kostin က ပြောကြားပြီး အစုလိုက်အပြုံလိုက်ဗုံးများကို ရုရှားတပ်ဖွဲ့များက အသုံးပြုခဲ့သည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဤတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ အယောက် ၃၀ တွင် ကလေးငယ် နှစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ ပါဝင်ခဲ့သည်။ အိမ်ခြေ ၂၀ နီးပါးနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်။

ထိုအတောအတွင်း ယူကရိန်းတောင်ပိုင်းခရိုင်းမီးယားရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်း၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြီးကို အောင်မြင်စွာကြားဖြတ်နိုင်ခဲ့ကြောင်း ရုရှားအာဏာပိုင်များက ကြေညာခဲ့သည်။ ရုရှားစစ်တပ်ဘလော့ဂါများအဆိုအရ ပစ်မှတ်သည် လေယာဉ်ကွင်းတစ်ခုဖြစ်သည်။

ခရိုင်းမီးယားကို ရုရှားနှင့် ဆက်သွယ်ထားသည့်တံတားသည် စစ်ပွဲအတွက် လိုအပ်နေသည့် ထောက်ပံ့ရေးပစ္စည်းများအတွက် အရေးကြီးသည့်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ယာယီပိတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

ရုရှားအာဏာပိုင်များ၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော တာဝေးပစ်ဒုံးကျည် ခြောက်စင်းအား တိုက်ခိုက်ရာတွင် အဓိကအားဖြင့် အသုံးပြုခဲ့ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ဒုံးကျည်အားလုံးကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

ယူကရိန်းက မှတ်ချက်မပေးသလို CNN ကလည်း ရုရှား၏ ပြောဆိုချက်ကို အတည်မပြုနိုင်ဟု ဖော်ပြထားသည်။ ပစ်ချခံရမှုကြောင့် ပေါက်ကွဲမှုဖြစ်ရသည့် ဗီဒီယိုနှင့် ဓာတ်ပုံအချို့ ထွက်ပေါ်လာသည်။

ဓာတ်ပုံ။

ဧပြီ ၂၉ရက်နေ့က ယူကရိန်းတောင်ပိုင်းရှိ ဟယ်ရီပေါ်တာရဲတိုက်ဟု လူသိများသည့် အဆောက်အအုံ ဒုံးကျည်ထိမှန်ပြီး မီးလောင်နေစဉ်။

Odesa၊ Sergey Smolentsev/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက