နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းနဲ့ အဖြေရှာရလိမ့်မယ်လို့ SSPP/SSA ဒုဗိုလ်ချုပ်ကြီးဆို

မေလ (၃) ရက်။

ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့နည်းလမ်း မရှိတော့တာကြောင့် စစ်တိုက်ရတော့မှာ ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

စစ်မှန်တဲ့ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးတဲ့စစ်အုပ်စု အဆက်ဆက်က လျစ်လျူရှုပစ်ပယ်ကာ တပြည်ထောင်စနစ် တည်ဆောက်ခဲ့တာကြောင့် အခုလို ဆုံးဖြတ်ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

အခြေအနေလုံးဝမပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ဉီးဆောင်မှုအောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် ပြည်သူလူထုအားလုံး ကြိုးစား တိုက်ပွဲဝင်ကြဖို့ ဆက်လက်တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

သူက ဆက်လက်ပြီး “တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” လို့ ပြောခဲ့ပါတယ်။

တိုင်းရင်းသားနယ်မြေတွေမှာ ကိုယ်တိုက်ကိုယ်ယူဆိုတဲ့စနစ်ကို ဦးတည်နေပြီး ပဒေသရာဇ်စနစ်ဆီကို နောက်ပြန်ဆွဲပြီး သွားနေပြီလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။ KIA နဲ့ MNDAA, TNLA နဲ့ MNDAA ကြားမှာလည်း တင်းမာမှုတွေ ဖြစ်နေပြီး နယ်မြေလုစစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-ပြည်လမ်းမပေါ်မှာ စစ်ကော်မရှင်ကားတွေ ပစ်ခတ်ခံရပြီး ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်ပါ (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၆)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က ရန်ကုန်-ပြည်လမ်းမပေါ်ရှိ ကိုးပင်-ဆတ်သွားလမ်းပိုင်းတနေရာမှာ စစ်ကော်မရှင်ကားတစီးကို ပစ်ခတ်ခဲ့တယ်လို Nay Pyi Taw
မြန်မာသတင်း

မြောင်းမြမြိုထဲ ကျားဖြန့်လုပ်းငန်တွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ မြောင်းမြမြိုနယ်ရှိ ကျေးရွာအချိုမှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်စွာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေတယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ အဓိကကတော့
မြန်မာသတင်း

မြင်းခြံတိုက်ပွဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြိုမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နဂါးနီပြောက်ကျားတပ်ဖွဲ-မြင်းခြံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျည်းပင်ကန်ရွာကနေ ရွာသစ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စခ ပခ အင်အား(၁၅၀)လောက်နဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ကြောက်တဲ့ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 9 Views
ဇွန်လ (၁၆)ရက်။ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ‌အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်တာတွေကြားထဲကနေ ရန်ကုန် နှင်းဆီတွေ ပေါ်ပေါက်လာပြန်ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်ရဲ့
မြန်မာသတင်း

မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 13 Views
ဇွန်လ (၁၆)ရက်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို မတူကွဲပြားတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ လူထုအစုအဖွဲ့တွေအကြား တူညီတဲ့ ပြည်နယ်ကိုယ်စားပြုမှု ခိုင်မာဖို့နဲ့ တော်လှန်ရေးအင်အား တိုးတက်ခိုင်မာဖို့
မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတရားခံဟာ မင်းမင်းစိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိန်းကျင့်ကာ သတ်ဖြတ်ပြီး
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ကော်သူးလေနေ့” ဟာ “ ကော်သူးလေအစိုးရ”
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 33 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ