နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ လက်နက်တွေနဲ့ PDF ကို အားဖြည့်တပ်ဆင်သွားမယ်လို့ MOD ပြော

မေလ (၆)ရက်။

စစ်ကောင်စီထံကနေ သိမ်းဆည်းရရှိတဲ့ လက်နက်တွေနဲ့ PDF ကို အားဖြည့်သွားမယ်လို့ MOD ရဲ့ PDF (၃)နှစ်ပြည့်အစီရင်ခံစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

စစ်ကောင်စီစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက် ကြီး/ငယ်များစွာကို သိမ်းပိုက်နေကာ ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်တာက အရေးကြီးတဲ့ စစ်ရေးတိုးတက်အောင်မြင်မှုလို့ ဆိုပါတယ်။

PDF ရဲဘော်တွေရဲ့ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမှာဖြစ်သလို PDF ဒရုန်းတပ်ဖွဲ့တွေကိုလဲ အင်အားတိုးချဲ့နေတယ်လို့ ဖော်ပြထားပါတယ်။

PDF နဲ့ ပကဖတွေကို လက်နက်တပ်ဆင်နိုင်ဖို့ ပြည်သူရဲ့ ထည့်ဝင်လှူဒါန်းတာကို အားပြုခဲ့ရသလို မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေက ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် နယ်မြေစိုးမိုးထိန်းချုပ်တာ တိုးတက်လာတာနဲ့အတူ မြေပြင်ကရရှိတဲ့ အခွန်အခတွေကလည်း တော်လှန်ရေးရန်ပုံငွေအတွက် တတပ်တအားဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့အချိန်အထိ NUG အစိုးရအဖွဲ့ရဲ့ ငွေကြေးသုံးစွဲမှုတွေက ရှင်းရှင်းလင်းလင်း မရှိတဲ့အပေါ် ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

လက်နက်ကြီးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခရိုင်ထုတ်လုပ်ရေးစခန်းတွေ ထူထောင်ပြီး လက်နက်ကြီး ပြောင်းနဲ့ ဗုံးသီးတွေ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေကာ ဒရုန်းသုံးစွဲနိုင်ဖို့နဲ့ စွမ်းရည်ကို မြှင့်တင်နေတယ်လို့ အသိပေးထားပါတယ်။

အခုအခါ မဟာဗျူဟာထိုးစစ်တွေ ဆင်နွှဲဖို့ အင်အားထောင်ချီပါဝင်တဲ့ ထုအင်အား တည်ဆောက်နေကာ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဉ်ယန္တရားတပ် စတဲ့ လက်ရုံးတပ်တွေကိုလဲ အင်အားတိုးချဲ့နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း(၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့ အတည်ပြုဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 43 Views
ဒီဇင်ဘာလ (၃၀)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အတည်ပြုဖွဲ့စည်းလိုက်တဲ့
မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 47 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 43 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 25 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 29 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့အချိန် (၁၀၂)မြို့နယ်ထဲက လွိုင်ကော်မြို့အပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ မြို့နယ် (၁၁)ခုရှိခဲ့ပြီး
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 57 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် ညနေပိုင်းလောက်ကစပြီး မြို့အဝင်နားမှာ တိုက်ပွဲဖြစ်တာ။ ဒီကနေ့ နေ့လယ်ပိုင်းအထိပဲ၊ တိုက်ပွဲက မြို့အဝင်
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 55 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို