မေလ (၅) ရက်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက မင်းတန်းရွာကို မေလ ၅ ရက် သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံးမီးလောင် ပျက်စီးခဲ့ပြီး နွားလေးကောင်လည်း မီးလောင်ကျွမ်းသေဆုံးခဲ့တယ်လို့ CDSOM-ကိုနွေဦးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးနောက် ဆီမီးခုံဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်ကောင်စီ သင်္ဘာပေါ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ မြောင်ကတော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံ။
CDSOM-ကိုနွေဦး