မေလ (၇)ရက်။
KNU တပ်မဟာ(၅)နယ်မြေဖြစ်တဲ့ မူတြော်ခရိုင်ထဲ အခြေချထားတဲ့ စခန်း(၅)ခုကို စစ်ကောင်စီတပ်တွေ စွန့်ခွာထွက်ပြေးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေ စွန့်ခွာထွက်ပြေးခဲ့တဲ့ စခန်း(၅)ခုဟာ သူးမွဲထာ၊ ကောကော်ထာ၊ ညာတဃိုကျိုး၊ ဟော်မုဒဲနဲ့ မယ်ဝေဘလယ်ကျိုးစခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၇၅)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၆၄)ဦးသေဆုံးပြီး (၃၅)ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လယ်ယာခြံမြေတွေထဲကို လက်နက်ကြီး(၅)လုံး ပစ်ချခဲ့ကာ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဟာ တိုက်လေယာဉ်နဲ့ (၄၂)ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူတွေရဲ့ အိုးအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်အပြင် သီးနှံစားပင်အများအပြား ထိခိုက်သေကြပျက်စီးခဲ့တယ်လို့ သိရပါတယ်။