မေလ (၁၁) ရက်၊။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တမူးခရိုင် တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။
မြို့သစ်မြို့ စစ်ကောင်စီ တပ်စခန်းမှာ ခလရ (၂၂၈) နဲ့ လက်အောက်ခံ SNA တပ်မဟာ ၈၉၁ (တပ်ရင်း-၃)၊ ကသည်း၊ ရဲ၊ ပျူစောထီး ပူပေါင်းအင်အား (၂၅၀) ခန့်ကို မေလ (၇) ရက်နေ့ မနက် (၅) နာရီမှစတင်ကာ တမူးခရိုင် ကွပ်ကဲရေးမှူး ဦးစီးမှုနဲ့ တမူးခရိုင် တပ်ရင်း (၂)၊ အထူးလှုပ်ရှား တပ်ရင်း (၉)၊ ကူကီးအမျိုးသားတပ်မတော် KNA-B နဲ့ အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (NLA) တို့က ပူးပေါင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မြို့နယ် ပကဖမှ ထောက်ပို့တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲဟာ ၅ ရက်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး မေလ ၁၁ ရက်နေ့ ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မြို့သစ်မြို့ကို ထိမ်းချူပ်နိုင်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့် အပါဝင် ရဲ (၂၁) ဦး အလံဖြူထောင် အညံ့ခံခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။
၅ ရက်ကြာ မြို့သစ်မြို့စခန်းသိမ်း တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်များ ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ(၁၂) လုံး၊ အီနာဂါ (၅)လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ Station Jammer (၃) ခု၊ ကျည်အိမ် (၃၄) ခုနဲ့ ကျည်အချို့သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။