မြန်မာ့အရေး စကားဝိုင်း
ဒီအပတ်မှာ ခေတ်မျက်လုံးရဲ့ ဆွေးနွေးခန်းအဖြစ် “မြန်မာ့အရေး စကားဝိုင်း” ကို တင်ဆက်လိုက်ပါတယ်။
ဒီစကားဝိုင်းမှာ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်၊ တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေမှုတွေကို ရှုထောင့်အစုံမှနေပြီး နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဘာတွေ လိုအပ်နေတယ်ဆိုတာကို ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ထားပါတယ်။
ပရိတ်သတ်များ အားရကျေနပ်ပြီး နိုင်ငံရေး ဗဟုသုတများ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့