Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 10 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးသူ (၁၈၇)ဦးအထိရှိခဲ့

မေလ (၂၈)ရက်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲကာလ (၆)လကျော်ထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးသူ (၁၈၇)ဦးအထိရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ကစပြီး ၂၀၂၄ခုနှစ် မေလ (၂၀)ရက်နေ့အထိ ရခိုင်မှာ စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ရခိုင်ဒေသထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းဟာ (၃၈၀)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ တကျော့ပြန်တိုက်ပွဲကာလထဲ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူဦးရေဟာ (၁၄၈)ဦးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ AA က ပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် AA ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ စစ်ဘေးရှောင် (၅)သိန်းကျော်အထိရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေပေးကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

KIO နဲ့ PSLF တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေး

  • 2025 ခုနှစ်၊ ဧပြီလ 9 ရက်
  • 1 Views
ဧပြီလ (၉) ရက်။ KIO နဲ့ PSLF ကြား တွေ့ဆုံဆွေးနွေးမယ့် နေရာ၊ အချိန်၊ ဖိတ်ကြားရမယ့်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲဒီဇိုင်း
1027 Operations မြန်မာသတင်း

လားရှိုးမြို့ပေါ်က နေရာအချို့ကို စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်

  • 2025 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
ဧပြီလ (၄)ရက်။ ကိုးကန့်တပ် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ပြန်လည်အုပ်ချုပ်သွားဖို့ရှိနေတယ်ဆိုပြီး နီးစပ်ရာအသိုင်းအဝိုင်းတွေဆီကနေ သတင်းတွေထွက်ပေါ်နေပါတယ်။ “ အခု
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 31 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငလျင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်လာတဲ့
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 43 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့ မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် တအာင်းပြည်ထဲ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 32 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ တအာင်းပြည်ရှိ မြို့နယ်တွေမှာ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့် တအာင်းပြည်ထဲ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 45 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 82 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စစ်ကိုင်းဘက်ကလာတဲ့ PDF