နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရက္ခိုင်ပြည်မြောက်ဖက်ဒေသအရေး (၁၉၅) ဖွဲ့ ပူးတွဲထုတ်ပြန်ချက်မှ GSC နှုတ်ထွက်ကြောင်း ကြေညာ

+++++++++++++++++++++++++++++++++++++++

မေလ (၂၇) ရက်။

ရက္ခိုင်ပြည်မြောက်ဖက်ဒေသအရေး (၁၉၅) ဖွဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့မှုနှင့်ပတ်သက်၍ GSC က ပြည်သူလူထုကို အနူးအညွတ်တောင်းပန်ပြီး ပူးတွဲထုတ်ပြန်ချက်မှ နှုတ်ထွက်ကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) က မေလ (၂၆) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်အရ “ မေလ ၂၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ရက္ခိုင်ပြည်မြောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများနဲ့ အရပ်ဖက်အဖွဲ့အစည်း (၁၉၅) ဖွဲ့ရဲ့ သဘောထားပူးတွဲထုတ်ပြန်ချက်တွင် ပါဝင်တဲ့ အဖွဲအစည်းစာရင်းများကို ဖော်ပြရာမှာ GSC လည်း ပါဝင်ခဲ့ပါပြီး GSC ရဲ့ နာမည်ပါဝင်ခဲ့မှုဟာ အဖွဲအစည်းအတွင်း ဆွေးနွေးညှိနှိင်း သဘောထားရယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအားနည်းချက်တွေကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပြီး အဲ့ဒီအတွက် GCS က ပြည်သူလူထုကို အနူးအညွတ် တောင်းပန်အပ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည်အတွင်း လက်ရှိဆင်နွှဲနေတဲ့ စစ်သုံးစစ် တိုက်ဖျက်ရေး တော်လှန်ရေး အရှိန်အဟုန်ကို GSC က ဆက်လက်ထောက်ခံ ရပ်တည်လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 25 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 32 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 31 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ (၂၃)ရက်နေ့မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 30 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 29 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 39 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 36 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်