နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပူတင်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားသော်လည်း ယူကရိန်းက သတိထားနေ

+++++++++++++++++++++++++++

မေလ (၂၈) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို လမ်းဖွင့်ထားကြောင်း အချက်ပြခဲ့ခြင်းကို ယူကရိန်းအနေနှင့် မဆွေးနွေးခင် ပွင့်လင်း မြင်သာမှု ရှိစေမည့် ရုရှားသံတမန်ဆက်ဆံရေးနှင့် ယူကရိန်းနှင့် အနောက်နိုင်ငံတို့၏ အတိတ်က အတွေ့အကြုံများကို ကြီးမားစွာ၊ လွှမ်းမိုးနေသော သတိပေးချက်များအနေဖြင့် ရှုမြင်နေသည်။ သောကြာနေ့တွင် စေ့စပ်ညှိနှိုင်းရေးနှင့်ပတ်သက်၍ ဆူညံသံများ ထွက်ပေါ်လာပြီး ထိုလတွင်ပင် မော်စကိုသည် ယူကရိန်းကို တတိယမြောက် ကျူးကျော်ခြင်းအဖြစ် ခါကိဗ့်မြို့မြောက်ဘက်ကို ကျူးကျော် ဝင်ရောက်ခဲ့သည်။

မော်စကိုသည် လက်ရှိရုရှားသိမ်းပိုက်ထားသော ယူကရိန်း၏ ငါးပုံတစ်ပုံခန့်ကို ရပ်တန့်စေမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စဉ်းစားရန် ဆန္ဒရှိကြောင်း နက်ရှိုင်းစွာ အတွေ့အကြုံရှိပြီး ချိတ်ဆက်ထားသော ရုရှားသတင်းထောက်နှစ်ဦးထံမှ အရင်းအမြစ်လေးခုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားသည် အစောပိုင်း သဘောတူညီချက်များအပေါ် အခြေခံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အကြံပြုခြင်းဖြင့် ထိုအစီရင်ခံစာကို ပူတင်က တုံ့ပြန်ခဲ့သည်။ စစ်ပွဲစတင်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် မအောင်ဘဲ ပျက်သွားခဲ့သည့် အစ္စတန်ဘူလ်တွင် သဘောတူညီချက်တစ်ခုအား အရိပ်အမြွက်ပြောကြားခဲ့ပြီး မော်စကို၏တပ်ဖွဲ့ အများစုမှာ ယူကရိန်းပိုင်နက်တစ်ခွင်တွင် ပျံ့နှံ့နေဆဲဖြစ်ပြီး ကိယက်ဗ်တစ်ဝိုက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာခဲ့ဖြစ်သည်။

ရိုက်တာအစီရင်ခံစာတွင် ပျံ့နှံ့နေသည့်သတင်းသည် မော်စကို၏ အရှေ့ဘက် ဒွန်းနက်စ် (Donetsk) ဒေသအားလုံးကို သိမ်းပိုက်ရန် ရည်မှန်းထားသည့် ပန်းတိုင်ကို ရပ်တန့်မည်ဖြစ်ပြီး၊ ကိယက်ဗ်၏ မိမိနယ်မြေအား လုံးဝပေးအပ်မည် မဟုတ်ဟု အခိုင်အမာ ပြောဆိုမှုကိုလည်း ရုတ်သိမ်းရမည် ဖြစ်သည်။ ပူတင်၏ မှတ်ချက်စကား၏ နောက်ခံအကြောင်းအရာသည် အဓိကကျသည်။ ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုထံသို့ အလည်အပတ်လာရောက်စဉ် ကရင်မလင်သည် ယူကရိန်းနိုင်ငံသို့ စစ်ရေးလှုပ်ရှားမှုအတွက် ဘီလာရုနယ်မြေကို အသုံးမပြုမီ အခိုက်အတန့်တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သောကြာနေ့တွင် နှစ်နိုင်ငံကြား ပူးတွဲနျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

ကိယက်ဗ်သည် ပူတင်နှင့် စစ်ပွဲကြောင့် ရွေးကောက်ပွဲများ ကျင်းပရန် နှောင့်နှေးခဲ့ရခြင်းကို မော်စကိုက အကြိမ်ကြိမ် တိုက်ခိုက်ပြောဆိုပြီး ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး၏ တရားဝင်မှုကို ပူတင်က မေးခွန်းထုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင်၊ ယူကရိန်းသမ္မတဟောင်း ဗစ်တာရန်နုကိုဗစ်ချ် (Viktor Yanukovich) ၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် ဘီလာရုစ်တွင် ဆင်းသက်ခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ရုရှားလိုလားသူ ရန်နုကိုဗစ်ချ်သည် ယူကရိန်းနိုင်ငံ အလယ်ပိုင်းတွင် ဆန္ဒပြသူ ဒါဇင်များစွာကို ပစ်သတ်ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းမှ ထွက်ပြေးခဲ့သည်။ ပူတင်နှင့် လူကာရှန်ကိုတို့ တွေ့ဆုံစဉ်တွင် ရန်နုကိုဗစ်ချ၏ ရောက်ရှိနိုင်ခြေရှိမှုသည် မော်စကိုက ယူကရိန်းတွင် သူ့အားထောက်ခံသည့် သူကို အာဏာရရန် ပရောက်စီတစ်ခု အဖြစ်ဖန်တီးရန် ထပ်မံမျှော်လင့်နေသည်ဟု ထင်ကြေးများပေးခဲ့သည်။

ကရင်မလင်၏ ရက်စက်ကြမ်းကြုတ်မှုနည်းသော ယူကရိန်းအတွက် ရည်မှန်းချက်မှာ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း သိမ်းပိုက်မှုဖြစ်ပြီ်း – ယူကရိန်းတွင် သူ့အား သစ္စာစောင့်သိသူဟု ယူဆသော ကိယက်ဗ်မြို့ရှိ သမ္မတတစ်ဦးကို အစားထိုးမှုဖြစ်ပြီး ထိုသမတသည် ဥရောပသမဂ္ဂနှင့် နေတိုးဆီသို့ အဖွဲ့ဝင်အဖြစ်လုပ်ဆောင်မှုကို ရပ်တန့်စေမည့် သူဖြစ်ရမည်။ ၎င်းသည် ၂၀၂၂ ကျူးကျော်မှုမတိုင်မီ စိတ်ကူးယဉ်ဆန်ဆန်ဖြစ်ပြီး တွေးခေါ်မှုဖြစ်ပြီး ပျက်သွားခဲ့ရသော ၂၀၂၂ ခုနှစ် အစ္စတန်ဘူလ် ဆွေးနွေးပွဲများအတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ကရင်မလင်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသည့် လူထုအပေါ် လွှမ်းမိုးရန် နယ်မြေသိမ်းပိုက်နိုင်မည့် ရုရှားတပ်ဖွဲ့တစ်ခု လိုအပ်လာခဲ့ရသည်။

သို့ဆိုလျှင်၊ အထူးသဖြင့် ရုရှားသည် ကျူးကျော်ပြီးကတည်းက လများအတွင်း ရှေ့တန်းတွင် ယခင်က မရရှိသော အောင်ပွဲများကို အအောင်မြင်ဆုံး ရရှိနေသည့်အခိုက်အတန့်တွင် ငြိမ်းချမ်းရေးစကားဝိုင်းအကြောင်း အဘယ်ကြောင့်ပြောလာသနည်း။ သံတမန်ရေးရာသည် ကရင်မလင်အတွက် အမြဲတမ်း စစ်လက်နက်ကိရိယာ တစ်ခုအဖြစ် အသုံးချခဲ့သည်။ ၎င်းတို့၏ ဂျက်လေယာဉ်များက သူပုန်များ ထိန်းချုပ်ထားသော နယ်မြေများရှိ အရပ်သားများအပေါ်တွင် ဗုံးကျဲတိုက်ခိုက်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။ ယူကရိန်းနိုင်ငံ၏ မဟာဗျူဟာကျသော ဒီဘယ့်စီဗီ (Debaltseve) မြို့ကို ရုရှားတပ်များနှင့် သူ၏ ဒေသတွင်းလက်အောက်ခံတပ်များက အပြည့်အ၀ ထိုးစစ်ဆင်နေချိန်တွင် ၂၀၁၅ ခုနှစ်တွင် ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။

စေ့စပ်ညှိနှိုင်းရာတွင် ရုရှား၏ ရိုးသားမှုကို အယုံအကြည် မရှိသော်လည်း လက်တွေ့ကျသော လိုအပ်ချက်ဖြစ်သည်။ အကြမ်းဖက်ခြင်းမရှိဘဲ အသုံးဝင်သောရလဒ်ကို မမျှော်လင့်ဘဲ ထွက်လာသည့်အခါတွင်၊ သို့မဟုတ် သဘောတူညီချက်တစ်ခုအတွက် ကြိုးစားအားပေးရန် ပြိုင်ဘက်ကို တိုက်ခိုက်ခြင်းတွင် ခေတ္တရပ်ရန် အကြောင်းပြချက်ပေးသည့်အခါတွင် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သင့်သည်ဟု အတွေ့အကြုံက ပြသသည်။

မော်စကိုမှလည်း အကြောင်းပြချက် နှစ်ခုကြောင့် ငြိမ်းချမ်းရေးကိစ္စကို ယခုအချိန်တွင် ပြန်လည်ပြောလာနိုင်သည်။ ပထမဦးစွာ ယူကရိန်းနှင့် ၎င်း၏ မဟာမိတ်များသည် ရုရှားမပါဝင်ဘဲ ဇွန်လတွင် ဆွစ်ဇာလန်၌ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ပြီး မည်သို့သော သဘောတူညီချက်ကို လက်ခံမည်ဆိုသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။ ကရင်မလင်၏တပ်များ နောက်ဆုံးတွင် စစ်ရေးအရ အင်အားကုန်ခန်းသွားသည့်အခါ သို့မဟုတ် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့်အခါ သူ့မူလကျူးကျော်ခဲ့သည့် လမ်းကြောင်းမှ ပြောင်းလဲဖို့ရန် မဟာမိတ်များက အရှိန်အဟုန်ကို တည်ဆောက်ရန် ရည်ရွယ်ထား ဖွယ်ရှိသည်။

ယူကရိန်းစစ်ပွဲမှာ တစ်စိတ်တစ်ပိုင်း ထောက်ခံသူ ရုရှား၏ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်သည့် တရုတ်က ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ဇလန်းစကီး က မျှော်လင့်ကြောင်း ပြောပါသည်။ ပူတင်သည် ရုရှားနှင့်ပတ်သက်ပြီး သံတမန်ရေးရာတွင် ရုရှားမပါဝင်ဘဲ တရုတ်မှပါဝင်ပတ်သက်ခြင်း မပြုရန် ပေကျင်းအား အကြံပြုရန် ယခုအချိန်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးနေနိုင်ပေသည်။ ဆွစ်ဇာလန် ထိပ်သီးအစည်းအဝေးသည် စစ်ပွဲကိုအဆုံးသတ်ရန် အလားအလာ အနည်းငယ်သာရှိသည်။ သို့ရာတွင် ထိုအစည်းအဝေးသည် အနောက်နိုင်ငံများကို မော်စကို၏ခြိမ်းခြောက်မှုသည် ငြိမ်းချမ်းရေးအတွက် မည်မျှအန္တရာယ်ကြီးသည်ကို သူတို့စိတ်ထဲတွင် ခိုင်မာတိကျစေမည် ဖြစ်သည်။ ယူကရိန်းအနေနှင့် သူ့နိုင်ငံနယ်မြေ ဂုဏ်သိက္ခာအတွက် သွေးမြေကျမှုကို ရပ်တန့်စေရန် အမှန်တကယ် ငြိမ်းချမ်းရေးရဖို့အတွက် သူ့နိုင်ငံ၏ ပျက်စီးထိခိုက်မှု ပြည်သူများ အရိုးပုံဖြစ်ခဲ့ရမှုများကို မြိုသိပ်ပြီး ရုရှားနှင့်အမှန်တကယ် ငြိမ်းချမ်းရေးကို ရရှိအောင်လုပ်ဆောင် ရမည်ဖြစ်သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလေဘာ (Dmytro Kuleba) က “ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပူတင်ရဲ့ အရိပ်အမြွက်ပြောကြားလာမှုတွေဟာ ထိပ်သီး အစည်းအဝေးကို ဖျက်စီးဖို့ တိုက်ရိုက် ရည်ရွယ်တယ်” ဟဟု သောကြာနေ့က ပြောပါသည်။ ပူတင်သည် လက်ရှိတွင် ယူကရိန်းအပေါ် ရန်လိုမှုကို အဆုံးသတ်ရန် ဆန္ဒမရှိကြောင်း၊ ဒီမီထရိုကူလေဘာက သူ၏ လူမှုစာမျက်နှာ X တွင် ရေးသားခဲ့သည်။ ထို့ကြောင့် ပူတင်က ဆွစ်ဇာလန် ထိပ်သီးအစည်းအဝေးကို ကြောက်ရွံ့နေကြောင်း ထပ်ဆင့်ရေးသားခဲ့သည်။ ဒုတိယအချက်အနေနှင့် အရေးအကြီးဆုံးမှာ ပူတင်သည် အနောက်နိုင်ငံများရှိ အစိုးရများနှင့် လက်ရှိ အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအား သူ၏သဘောထားကို ပို့ပေးခဲ့သည်။ သူသည် ဥရောပရှိ လူကြိုက်များသူများ သို့မဟုတ် အမေရိကန်ရှိ အင်အားကြီးသော ရီပတ်ဘလစ်ကန်များထံ သို့ အကြံပြုတင်ပြရန် ကြိုးပမ်းနေပါသည်။ ထိုအရာမှာ ရိုးရှင်းသော သဘောတူညီချက်တစ်ခုသည် သူ့လက်ထဲတွင်ရှိပြီး၊ ယူကရိန်းတွင် သိသိသာသာ သေဆုံးဒဏ်ရာရမှုများနှင့် လက်ရှိဆုံးရှုံးနေသည့် ရှေ့တန်းတပ်များကို တိုက်နေခြင်းမှ သူက ချက်ချင်းရပ်ဆိုင်းပေးနိုင်သည်။

စစ်ပွဲအတွက် အနောက်နိုင်ငံများ၏ ယူကရိန်းကို ပံ့ပိုးကူညီမှုသည် ငွေကုန်ကြေးကျများပြီး လူကြိုက်မများတော့ဘဲ လက်တလော ကွန်ဂရက်မှ အတည်ပြု ချမှတ်ပေးလိုက်သော ဒေါ်လာတစ်ဘီလီယံမှာ လွှတ်တော်မှတနှစ်ကြာ ပိတ်ဆို့ထားခြင်းမှ စာနာစိတ်ဖြင့် ချပေးလိုက်ခြင်း ဖြစ်ပုံရသည်။

ကရင်မလင်မှ စစ်ကို လက်ရှိအနေအထားမှချက်ချင်း ရပ်ဆိုင်းနိုင်သည်ဆိုသည်ကို ရိုက်တာ၏ သတင်းပေးချက်သည် အနောက်နိုင်ငံမှ စစ်ကိုအဆုံးသပ်ခြင်းကို မြင်လိုသူများအတွက် စဉ်းစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကေ့ဗ်၏ ပြောဆိုချက်သည် ထိုသဘောပါဝင်နေပြီး ရုရှား၏ အမြဲတမ်းရပ်တည်မှုကို ထင်ဟပ်ခဲ့သည်။

သို့သော် နောက်ဆုံးအချက်မှာ အနောက်နိုင်ငံများ၏ အဓိကကျသော ပုဂ္ဂိုလ်များအတွက် ထိုအချက်သည် စိတ်ဝင်စားဖွယ် အသစ်အဆန်းဖြစ်ခဲ့သည်။ ဒေါ်နယ်ထရန့်သည် စစ်ပွဲကို ၂၄ နာရီအတွင်း သူမည်ကဲ့သို့ ရပ်တန့်နိုင်သည်ဆိုသည်ကို ရှင်းပြရန် ပျက်ကွက်ခဲ့ပြီး ပြင်သစ်ထက် သတ္တိနည်းသော ဗြိတိန်နှင့် အခြားနေတိုးအဖွဲ့ဝင် ဘောလ်တစ်နိုင်ငံများက စေ့စပ်ညှိနှိုင်းရေး စားပွဲမှာ ရုရှားကို ဘယ်တော့မှ မယုံကြည်ဖို့ လိုပါသည်။

ပူတင်သည် လက်တွေ့ကျသူဖြစ်သည်။ လွယ်မည်ဟု တွေးကာ စစ်ပွဲကို စတင်ခဲ့သည်။ သူသည် နာကျင်မှုအတွက် သည်းခံမှု၊ သက်ဦးဆံပိုင်လုံခြုံရေးနှင့် အောင်ပွဲအတွက် စိတ်ရှည်သည်းခံမှုတို့ အောင်ပွဲခံမည်ဟု ၎င်းက ဆက်လက်တွေးဆခဲ့သည်။ ယခုအချိန်တွင် သူမှန်နေနိုင်ပါသည်။ ယခုအချိန်တွင် သူသည် အမေရိကန်နှင့် အခြားဥရောပနိုင်ငံများတွင် ရွေးကောက်ပွဲဆိုင်ရာ အားနည်းချက်များကို မြင်တွေ့နေရပြီး သံတမန်ရေးရာအတွက် အချိန်ရှိနိုင်သည်ဟု မထင်မရှား မမြင်နိုင်သောပိတ်ဖုံးနေသည့် အချက်ပြမှုတစ်ခုနှင့် သူမှ တွေ့ကြုံခဲ့သည်။

ထိုအချက်သည် ယူကရိန်းစစ်ပွဲသည် ပြီးဆုံးပျောက်ကွယ်သွားလိမ့်မည်ဟု အပြင်းအထန် မျှော်လင့်နေသူများကို ဆွဲဆောင်နိုင်ပြီး စစ်အင်အားသုံးပြီး မော်စကိုက နေတို၏အရှေ့ပိုင်းအဖွဲ့ဝင်များကို ခြိမ်းခြောက်နေသည့် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေကို သတိမမူသူတွေကြားမှာ ဆွဲဆောင်မှုတချို့ ရရှိလာနိုင်ပါသည်။ သို့သော် ဆီးရီးယားနှင့် ယူကရိန်းရှိ မော်စကို၏ အစောပိုင်း သံခင်းတမန်ခင်း၏ ကောက်ကျစ်မှုကို သတိထားရှုမြင်သင့်သည်။ တူညီသော စစ်ဘက်ဆိုင်ရာ ရည်မှန်းချက်များကို ရရှိနိုင်ရန် အချိန်တစ်ခုကို အသဲအသန် ရရှိရန် အသုံးပြုပြီး ငြိမ်းချမ်းရေးသည် ထောင့်စွန်းအနားတစ်ဝိုက်တွင် ရှိနေပါသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသော မျှော်လင့်ချက်မှားကို သိမြင်သင့်သည်။

See insights and ads

Boost post

All reactions:

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး