မေလ (၂၉)ရက်။
မေလ (၂၆)ရက်နေ့က စစ်ကောင်စီရဲ့ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ Salingyi Rebolution Eagles(SRE)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဆားလင်းကြီးမြို့မရဲစခန်းက မောင်ထူးကောင်းဆက်(ခ)ထူးကြီးဟာ တပ်ရင်း(၁၆)၊ တပ်ခွဲ(၄) SRE အဖွဲ့ထံ အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM ပြုလုပ်လာတာလို့ ဆိုပါတယ်။
သူဟာ SRE အဖွဲ့ဆီကို G3 တစ်လက်၊7.62 ကျည် (၁၅)တောင့်၊ ကျည်ဘောက် (၁)ဘောက်၊ ဓားတစ်ချောင်းနဲ့အတူ ခိုလှုံလာခဲ့တာလို့ ဗိုလ်လင်းယုန်က ပြောဆိုထားပါတယ်။
ပြည်သူနဲ့အတူ ရပ်တည်လာတဲ့ CDM သူရဲကောင်းကို ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြဖို့ SRE က မေတ္တာရပ်ခံထားပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်သားကို ငွေကျပ်သိန်း (၁၀၀) ဆုချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။