နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရာဖာမြို့ကို အစ္စရေးဘယ်လို ထိုးစစ်ဆင်နေလဲ

ရာဖာမြို့ကို အစ္စရေးဘယ်လို ထိုးစစ်ဆင်နေလဲ

++++++++++++

ဒါကတော့ အင်္ဂါနေ့အစောပိုင်းက ပါလက်စတိုင်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေပေါ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာ  ပါလက်စတိုင်းအိုးမဲ့အိမ်မဲ့တွေဟာ ပြိုကျပျက်စီးနေတဲ့ ယာယီတဲတွေကြားကနေ သူတို့ရဲ့ခိုလှုံရာနေရာကို ပြန်လာနေကြတာဖြစ်ပါတယ်။

“ ကျမတို့ ဒီကနေ ထွက်သွားချင်တယ်။ ဒါပေမယ့် ဘယ်ကို သွားရမလဲ မသိပါဘူး ” လို့ ပါလက်စတိုင်းဒုက္ခသည် မာနယ်တာဘူရာက ပြောသွားခဲ့တာပါ။

ဂါဇာကျန်းမာရေးအာဏာပိုင်တွေက အစ္စရေးတင့်ကားတွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၂၀ အသက်သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားပေမယ့် အစ္စရေးစစ်ဘက်ကတော့ မိမိတို့အနေနဲ့ ရာဖာမြို့အနောက်ဘက်ခြမ်းမှာ ဒုက္ခသည်တွေရဲ့ ရွက်ဖျင်တဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မျက်မြင်သက်သေတွေကတော့ ရာဖာမြို့ကို အစ္စရေးရဲ့တိုက်ခိုက်မှု ၃ ပတ်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တင့်ကားတွေ ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

မေလ 26 ရက်နေ့မှာ ရာဖာမြို့က ဒုက္ခသည်တွေနေထိုင်တဲ့ ရွက်ဖျင်တဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မေလ 27 ရက်နေ့မှာတော့ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ 45 ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပေါ် တကမ္ဘာလုံးက ဝေဖန်ရှုတ်ချခဲ့ကြပြီး ကမ္ဘာ့တရားရုံးဖြစ်တဲ့ ICJ ကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေအားလုံး ရပ်တန့်ဖို့ အမိန့်ထုတ်ခဲ့ရပါတယ်။

အစ္စရေးဘက်ကတော့ သူတို့ရဲ့တိုက်ခိုက်မှုဟာ အရပ်သားတွေကို ပစ်မှတ်ထားခဲ့တာမဟုတ်ဘဲ ဟားမက်စ်တပ်မမှုးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟာဂရီက “ဒါဟာ ဆိုးရွားတဲ့ မတော်တဆမှုသာဖြစ်ပါတယ်”လို့ ဖြေရှင်းခဲ့ပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုမှာ ပစ်မှတ်ထားတဲ့ခြံဝန်းထဲက သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲမှုဖြစ်နိုင်ပြီး အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဟာဂရီက ပြောပါတယ်။ “ ကျည်ဆန်တစ်တောင့်တည်းနဲ့တော့ အဲဒီလောက် မီးလောင်စရာမရှိပါဘူး”

တစ်ချိန်တည်းမှာပဲ အပစ်အခတ်ရပ်စဲရေးကို အရှိန်မြှင့်ဖို့ ရည်ရွယ်တဲ့ သံတမန်လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ အိုင်ယာလန်ဝန်ကြီးချုပ် ဆိုင်မွန်ဟားရစ်က ပါလက်စ်တိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး စပိန်နဲ့ နော်ဝေနိုင်ငံတွေကလည်း အိုင်ယာလန်နည်းတူ ပါလက်စတိုင်းကို အတည်ပြုခဲ့ကြပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းအပါအဝင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းရဲ့မြို့တော်အဖြစ်ပါ သတ်မှတ်ပေးခဲ့ပါတယ်။ “ပါလက်စတိုင်းကို အသိအမှတ်ပြုတယ်ဆိုတာဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်တာမဟုတ်ပါဘူး။ အထူးသဖြင့် အစ္စရေးကို ဆန့်ကျင်တာမဟုတ်သလို ဟားမက်စ်တွေကို လုံး၀ဆန့်ကျင်တယ်ဆိုတာလည်း ထင်ဟပ်နေပါတယ်”

အစ္စရေးကတော့ ရာဖာမြို့ထဲမှာ ခိုအောင်းနေတဲ့ ဟားမက်စ်တွေကို အမြစ်ပြတ်ချေမှုန်းပြီးမှသာ ဓားစာခံတွေကို ကယ်တင်ဖို့ ဆန္ဒရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ ပါလက်စ်တိုင်းဒုက္ခသည်များအေဂျင်စီ UNRWA ရဲ့ အဆိုအရတော့ ရာဖာမြို့ထဲကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် လူပေါင်း တစ်သန်းကျော်ဟာ နေရာရွှေ့ပြောင်းထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက အများစုဟာ စစ်ပွဲကြောင့် ခိုလှုံရာနေရာတွေကို အကြိမ်ကြိမ် စွန့်ခွါပြေးခဲ့ရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု