နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီကနေ့ နံနက်ပိုင်းအထိ သူရဦးတင်ဦး ရန်ကုန်ဆေးရုံကြီးရှိ ICU မှာ ဆေးကုသမှုခံယူနေဆဲဖြစ်

မေလ (၃၁)ရက်။

NLD နာယက သူရဦးတင်ဦးသည် ရန်ကုန်ဆေးရုံကြီးရှိ ICU မှာ ဒီကနေ့ နံနက်ပိုင်းအချိန်အထိ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ အခု မနက်ပိုင်းအချိန်အထိ ICU ထဲမှာပဲ သေချာ ကြပ်မတ်ကုသနေပါတယ်” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မေလ (၂၉)ရက်နေ့ ညပိုင်းအချိန်ကစပြီး ဘဘဦးတင်ဦးဟာ ကျန်းမာရေးအခြေအနေချိုးယွင်းလာတာကြောင့် ရန်ကုန်ဆေးရုံကြီးရှိ နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ရပါတယ်။

အဲ့ဒီကနေတစ်ဆင့် မေလ (၃၀)ရက်နေ့မှာတော့ အထူးကြပ်မတ်ကုသဆောင်(ICU)ထဲကို ပြောင်းရွှေ့ခဲ့ရကာ အနီးကပ်စောင့်ကြည့်ကုသပေးနေတယ်လို့ ဆိုပါတယ်။

အသက် (၉၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဘဦးတင်ဦးဟာ ၂၀၁၇ခုနှစ်ထဲကစပြီး လေဖြတ်ဝေဒနာခံစားခဲ့ရကာ အခုအခါ ဆီးသွားနည်းတာနဲ့ ချွဲကြပ်တဲ့ဝေဒနာတွေကို ခံစားနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 12 Views
အောက်တိုဘာလ (၂၉)ရက်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF
မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 22 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 23 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၂)ရက်တာတွေ့ဆုံပွဲမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်တာကြောင့်
မြန်မာသတင်း

အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 28 Views
အောက်တိုဘာလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ‌ရွေးကောက်ပွဲကို ‌အားပေးကူညီပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့် အနုပညာရှင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုရဲ့ အသက်အိုးအိမ်ကို
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် (၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 26 Views
အောက်တိုဘာလ (၂၉)ရက်။ ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့က မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့ရှိ သရက်ချောင်းနယ်မြေကို စစ်တပ်ရဲ့ တပ်ရင်း
မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 41 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံးကာ မတရားအာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 35 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးဟာ ကျောက္ကာရွာ ရွှေဂူနီဘုရားဝန်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 21 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ