မေလ (၃၁)ရက်။
၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း မြို့(၈)မြို့အပါအဝင် ကရင်နီနယ်မြေရဲ့ (၉၀)ရာခိုင်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNDF-ဖယ်ခုံရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။
သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းတွေဟာ လွိုင်ကော်မှာ (၁၂)ခု၊ ဒီမော့ဆိုမှာ (၁၃)ခု၊ ဖရူဆိုမှာ (၁)ခု၊ ဘောလခဲမှာ (၅)ခု၊ ဖားဆောင်းမှာ (၉)ခု၊ ရှားတောမှာ (၇)ခု၊ ဖယ်ခုံမှာ (၁၇)ခု၊ မယ်စဲ့မှာ (၁)ခုနဲ့ စုစုပေါင်း (၆၅)ခုအထိရှိတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီဘက်က တပ်ဆုတ်ခွာပြီး လက်နက်ချခဲ့တဲ့ စခန်းစုစုပေါင်းဟာ (၁၆)ခုအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ ၁၁၁၁ စစ်ဆေင်ရေးရဲ့ အောင်မြင်မှုဟာ မသေးပေမယ့် ရှေ့တက်တိုးပြီး စစ်ကောင်စီကင်းစင်တဲ့ ပြည်နယ်ဖြစ်ဖို့ ကြိုးစားသွားမယ်လို့ KNDF-ဖယ်ခုံက ပြောဆိုထားပါတယ်။
KNDF စတင်ဖွဲ့စည်းတဲ့ (၃)နှစ်ပြည့်မှာ ဒရုန်း၊ ပွိုင့်ဖိုက်ကျည်နဲ့ မမအသီးတွေ အားဖြည့်မယ့် ပရောဂျက်အနေနဲ့ “ One More Strike” ကို ဇွန် (၃၀)ရက်အထိ ပြုလုပ်သွားဖို့ရှိတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီပရောဂျက်ကို ငွေကျပ်သိန်း (၁၀၀၀၀)အထိ သတ်မှတ်ထားကာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကင်းစင်တဲ့ ပြည်နယ်အနေနဲ့ ဖန်တီးရာမှာ ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။